ရေစကြိုမှာ ကြားကာလပညာရေး စာသင်နှစ်တနှစ်ကို အခက်ခဲများကြားက အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့

ရေစကြိုမှာ ကြားကာလပညာရေး စာသင်နှစ်တနှစ်ကို အခက်ခဲများကြားက အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ကျေးရွာတရွာမှာ ကြားကာလသင်ပညာရေး ပြည်သူ့အခြေပြု အထက်တန်းကျောင်း (CBE – YSO 33) ပထမအကြိမ် ပြီးမြောက်သွားတဲ့အတွက် ကျောင်းဆင်းပွဲကို ကျင်းပခဲ့ပါတယ်။

ပြီးမြောက်ခဲ့တဲ့ စာသင်နှစ်အတွင်း ငွေကြေးအခက်ခဲနဲ့ ကျောင်းသုံးပုံနှိပ်၊ စာရေးကိရိယာ မလုံလောက်မှုတွေကို ကျောင်းသားမိဘတွေ အများဆုံး ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ကိုယ်ထူကိုယ်ထသင်ကြားမှုကို စတင်နေရတဲ့အတွက် ဆရာ/ဆရာမတွေကိုလည်း ထောက်ပံ့ပေးနိုင်တာမျိုး မရှိခဲ့ဘူးလို့ ရေစကြိုပညာရေးဘုတ်အဖွဲ့ ဆီက သိရပါတယ်။

"ကြားကာလမှာ သင်ကြားသင်ယူနေရတဲ့အတွက် ငွေရေးကြေးရေးအဆင်မပြေလို့ ပုံနှိပ်စာအုပ်ဖိုး မတက်နိုင်တာ၊ ဗလာစာအုပ်ဖိုး မတက်နိုင်တာတွေက မိဘတွေရဲ့ အများဆုံး အခက်အခဲပါ။ ရန်ပုံငွေမရှိတဲ့အတွက်လည်း ဆရာ/မတွေကို မထောက်ပံ့နိုင်ပါဘူး။ ဖုန်းဘေဖိုးတောင် ထောက်ပံ့ဖို့အနေအထားမှာ ခက်ခဲနေကြတာကို ကျောင်းတိုင်းမှာကြုံတွေ့နေပါတယ်" လို့ ရေစကြိုပညာရေးဘုတ်အဖွဲ့ မှ ဆရာဒီက ဆိုပါတယ်။


ဒါ့အပြင် ကြားကာလပညာရေးကျောင်းမှာ တက်ရောက်ရတဲ့အတွက် လုံခြုံရေးပိုင်းဆိုင်ရာတွေကိုလည်း စိတ်မချရတာမျိုး ရှိတယ်လို့ ဆိုပါတယ်။

ကျောင်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ - NUG၊ ပညာရေးဝန်ကြီးဌာန - MOE နဲ့ ရေစကြိုမြို့နယ်ပညာရေးဘုတ်အဖွဲ့တို့က ဦးဆောင်ပြီး ဧပြီလ ၁၀ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ကြပေမဲ့လည်း လုံခြုံရေးအခြေနေကြောင့် ဧပြီလ ၁၉ ရက်နေ့မှသာ ထုတ်ပြန်နိုင်ခဲ့တယ်လို့ ဆရာဒီက ဆိုပါတယ်။

CBE YSO 33 ကျောင်းမှာ KG ကနေ Grade 9 အထိသင်ကြားပေးနေသော်လည်း လုံခြုံရေးအရ ကျောင်းသား/သူ နဲ့ ဆရာမ/ဆရာမတွေရဲ့ အရည်အတွက်ကို ပြောဆိုဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

"မြေပြင်ပညာရေးကနေ အညာဒေသ မျိုးဆက်သစ်ကလေးငယ်တွေရဲ့ ပညာရေးကို ခါးပြတ်မကျန်ရစ်ရအောင် လုပ်ဆောင်တဲ့အခါ စိတ်ဓာတ်ခွန်အား မြင့်တင်နိုင်ဖို့ ရည်ရွယ်ချက်ပါ။ နောက်ပြီး မိဘပြည်သူတွေကို မေတ္တာရပ်ခံစရာ တခုက ကျနော်တို့ပညာရေးကိုလည်း ပစ်မထားပဲ ဝိုင်းဝန်းကူညီပေးကြဖို့ပါ” လို့ ဆရာဒီက ဆိုပါတယ်။

ကျောင်းဆင်းပွဲပြုလုပ်ရခြင်းဟာ မိဘ၊ ဆရာ၊ ကျောင်းသား ရပ်ရွာပြည်သူလူထု အားလုံး စည်းလုံးညီညွတ်အောင်တစုတစည်းထဲရှိစေချင်တဲ့ ရည်ရွယ်ချက်အပြင်၊ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနရဲ့ မူဝါဒတွေနဲ့အညီ တရားဝင်လုပ်ဆောင်နေချက်ကို ကျောင်းသားမိဘပြည်သူအားလုံး သိစေဖို့ လုပ်ဆောင်ရခြင်းဖြစ်တယ်လို့လည်း ပြောပါတယ်။

ကျောင်းဆင်းပွဲမှာ လူထုခွန်အားဖြစ်စေမယ့် တေးသီချင်းတွေ၊ တေးသရုပ်ဖော်အကတွေနဲ့ ဖြေဖျော်ခဲ့ကြတယ်လို့ သိရပါတယ်။

ဧပြီလ ၂ ရက်ကလည်း ရေကြိုမြို့နယ် အနောက်ဘက်ကျေးရွာတရွာမှာ ၂၀၂၂−၂၀၂၃ ပြည်သူ့အခြေပြုအထက်တန်းကျောင်းမှာ ကျောင်းဆင်းပွဲ နဲ့ ကျောင်းတွင်းသင်္ကြန်ပွဲကို ကျင်းပခဲ့ပါသေးတယ်။
စာတည်း-007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10