သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျွန်းကုန်းရွာကို စစ်တပ်ကဒရုန်းနဲ့ဗုံးကြဲလို့ ဒေသခံအမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၁ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ကီးကူစစ်ကြောင်းဆီက သိရပါတယ်။
နိုဝင်ဘာ ၁ ရက်မနက် ၉ နာရီလောက်မှာ ၁ ကြိမ်၊ ညနေပိုင်းမှာ ၁ ကြိမ်၊ စုစုပေါင်း ဗုံးသီး ၈ လုံးချ တိုက်ခိုက်ခဲ့တာကြောင့် ကျွန်းကုန်းရွာနေ အသက် ၄၈ နှစ်အရွယ် ဒေါ်မြင့်မြင့်မော် ဗုံးစထိမှန်ပြီး ဦးခေါင်းပွင့်သေဆုံးခဲ့ကာ တရွာတည်းနေ အသက် ၄၅ နှစ်အရွယ် ဦးထွန်းနိုင်လည်း ဘယ်ဘက်ပေါင်နဲ့ ဗိုက်ဖောက်ဝင်ဒဏ်ရာရခဲ့တယ်လို့ ကီးကူစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။
ဒဏ်ရာရသူတွေကိုတော့ ကီးကူစစ်ကြောင်းဆေးအဖွဲ့က ဆေးကုသပေးနေပါတယ်။ ဒါ့အပြင် အဲ့ဒီနေရာတဝိုက်ကို စစ်တပ်ကဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာအပြင် စစ်ကြောင်းပါထိုးနေတဲ့အတွက် ဒေသခံတွေလည်း ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ကီးကူစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။
“ဒီဘက်မှာက ဒရုန်းအပြင် ရန်သူ(စစ်ကောင်စီ)နဲ့နီးလို့ တချို့ရွာသားတွေဆို ပြေးနေကြတာလည်းရှိတယ်။ ၁,၀၀၀ ဝန်းကျင်တော့ ရှိမယ်။ တချို့ရွာဆို ရွာလုံးကျွတ် မနေတော့တာလည်းရှိတယ်။” လို့ ကီးကူစစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။
ရေတာရှည်မြို့နယ်ထဲက အိုးမြေဒူး၊ ကျွန်းကုန်း၊ ပိတောက်ကုန်း၊ ဆယ်ဝါးတော ကျေးရွာတွေကို ခမရ ၈၄၊ ခမရ ၁၉ နဲ့ ခမရ ၂၆၄ တပ်က စစ်သားတွေ၊ ပျူစောထီးတွေက စုစုပေါင်းအင်အား ၁၀၀ လောက်နဲ့ အောက်တိုဘာ ၃၀ ရက်ကစလို့ စစ်ကြောင်းထိုးကာ အနီးဝန်းကျင်ကျေးရွာတွေကိုလည်း ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
လက်ရှိစစ်ကောင်စီစစ်ကြောင်းဟာ ရွာသစ်ရွာနဲ့ ဆွာရွာမမှာ ထပ်တိုးအင်းအားဖြည့်ပြီး အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကြောင်းစဝင်ချိန် အောက်တိုဘာ ၃၀ ရက်ကလည်း အိုးမြေဒူးကျေးရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ရေတာရှည် #ကျွန်းကုန်း #ဒရုန်း #ဗုံးကြဲ
Share Share Share