ရေတာရှည်က စစ်စခန်းကို PDF တိုက်ခိုက်၊ စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

ရေတာရှည်က စစ်စခန်းကို PDF တိုက်ခိုက်၊ စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ခင်တန်းလေးကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီ ၂၃ ရက်က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ ထံက သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မွန်းလွဲ ၂ နာရီခန့်မှာ စနိုက်ပါသေနတ်၊ ၄၀ မမ တို့နဲ့ သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

"တပ်စွဲလာတော့ စစ်ဆိုင်နေတာ တပတ်ကျော်ပြီ။ အပိုင်ပစ်ခွင့်ရလို့ စနိုက်ပါနဲ့ ပစ်လိုက်တာပါ။ ၂ ဦး သေတယ်။ ၁ ဦးဒဏ်ရာရသွားတယ်" လို့ တပ်ရေးတာဝန်ရှိသူ ရဲဘော်အောင်ရဲက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ 

အဲ့ဒီတိုက်ပွဲကို တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ နဲ့ နေပြည်တော် PDF တို့က ပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ဆက်လက် စစ်ဆိုင်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲတဲ့ ဇန်နဝါရီ ၉ ရက် မနက် ၅ နာရီခွဲအချိန်ကလည်း ရေတာရှည်မြို့နယ်၊ ကွမ်းအုံကျေးရွာတောင်ဘက် သရက်အုပ်အတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၃ ဦးနဲ့ ရဲ ၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ဇန်နဝါရီ ၂၃ ရက်က စစ်ကောင်စီတပ်စွဲထားသည့် နေရာကို တိုက်ခိုက်နေစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူး #တောင်ငူ #ရေတာရှည် #စစ်ကောင်စီ #ထိတွေ့တိုက်ပွဲ #သေဆုံး #ဒဏ်ရာရ #PDF #မြေလတ်သတင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10