ရေနစ်သူတွေကို ကယ်ဆယ်ရင်း ကျဆုံးခဲ့တဲ့ရဲဘော် ၁ နှစ်ပြည့် လွမ်းသူ့ပန်းခွေချ၊ ချီတက်အလေးပြု

ရေနစ်သူတွေကို ကယ်ဆယ်ရင်း ကျဆုံးခဲ့တဲ့ရဲဘော် ၁ နှစ်ပြည့် လွမ်းသူ့ပန်းခွေချ၊ ချီတက်အလေးပြု

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂအဖွဲ့က မှတ်တမ်းရေးရာတာဝန်ခံ ရဲဘော် အောင်ခေတ်မာန် ကျဆုံးခြင်း ၁ နှစ်ပြည့်အနေဖြင့် ဧပြီ ၁၇ ရက်က အုတ်ဂူဆီကိုသွားရောက်ကာ ကျန်ရစ်သူ ရဲဘော်ရဲဘက်တွေက ချီတက်အလေးပြုခဲ့တယ်လို့ အဲဒီသမဂ္ဂအဖွဲ့ဆီက သိရပါတယ်။

ရဲဘော်အောင်ခေတ်မာန်ဟာ ၂၀၂၃ ဧပြီ ၁၆ ရက်၊ သကြန်အတက်နေ့ ညနေပိုင်းအချိန်က ဝက်လက်နယ် မူးမြစ်ထဲမှာ ကျောင်းသားလူငယ်တွေ ရေချိုးကစားရင်း ရေနစ်ကြတာကို ရေထဲဆင်းဆယ်ကူရာ ရေနစ်သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

"မူးမြစ်ထဲမှာ ကျောင်းသားလူငယ်တွေ ရေချိုးကစားရင်း ရေနစ်ကြတယ်။ အဲဒါကို ရေထဲဆင်းဆယ်ရင်း သေဆုံးခဲ့တာပါ။ သူက ရေမကူးတတ်ဘဲ ဆယ်တော့ သူပါရေနစ်သေဆုံးခဲ့ရတယ်" လို့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တဦးက ပြောပါတယ်။

ရဲဘော် မကျဆုံးခင်အချိန်အထိ စစ်အာဏာရှင်ကို တော်လှန်တဲ့အချိန်မှာလည်း ကျောင်းသားသမဂ္ဂမှာ အားကြိုးမာန်တက်လုပ်ဆောင်ခဲ့သလို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပို့တဲ့လုပ်ငန်း တွေမှာလည်း တစိုက်တမတ် ပါဝင်လုပ်ကိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကျန်ရစ်သူရဲဘော်ရဲဘက်များက ကျဆုံးရဲဘော်အုတ်ဂူမှာ လွမ်းသူ့ပန်ခွေချ ဂါရဝပြုတာ၊ ဦးညွှတ်အလေးပြုတာ၊ ဝမ်းနည်းခြင်းအထိမ်းအမှတ် ၁ မိနစ်ခန့် ငြိမ်သက်တာ၊ ကဗျာရွတ်ဖတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ကျဆုံးရဲဘော်ကို ချီတက်အလေးပြုနေစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုခရိုင် #ဝက်လက်မြို့နယ် #ကျောင်းသားများသမဂ္ဂအဖွဲ့  #ရဲဘော်အောင်ခေတ်မာန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10