ရေနံချောင်းမှာ ကျောင်းဆရာမတဦး ချောင်းရေနဲ့မျောပါ သေဆုံး

ရေနံချောင်းမှာ ကျောင်းဆရာမတဦး ချောင်းရေနဲ့မျောပါ သေဆုံး

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ စက်တင်ဘာ ၁၁ ရက် မနေ့ညနေပိုင်းက ကျောင်းဆရာမတဦး ချောင်းရေနဲ့ မျောပါသေဆုံးခဲ့တယ်လို့ ဒေသခံတဦးထံက သိရပါတယ်။

သေဆုံးသူဟာ ရေနံချောင်းမြို့၊ ဇီးပင်ကန်ရပ်ကွက်နေထိုင်သူ အသက် ၅၀ ဝန်းကျင်အရွယ် ဒေါ်မြင့်မြင့်စန်း ဆိုသူဖြစ်ပြီး ၎င်းနေအိမ်ကို စာလာသင်တဲ့ကျောင်းသား ၂ ဦးနဲ့ အမျိုးသား ၁ ဦးကို ပြန်လိုက်ပို့ရာက ဇီးပင်ကန်ချောင်းအတွင်း မျောပါသွားတာလို့ သိရတယ်။

" ဆရာမက လယ်ပေါ်ကျောင်းမှာ တာဝန်ကျတဲ့ ၉ တန်းသင်တဲ့ဆရာမလို့ သိရတယ်။ စာသင်ပြီးလို့ အိမ်အပြန်လိုက်ပို့ပေးရင်း ရေနဲ့မျောသွားတာပါ။ ၃ ယောက်က အသက်ရှင်တယ် " လို့ ကူညီလုပ်ဆောင်ပေးခဲ့တဲ့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးသူဆရာမနဲ့အတူ ရေမျောပါတဲ့ အမျိုးသားနဲ့ကလေးငယ် ၂ ဦးကတော့ ချောင်းနံဘေးရှိချုံနွယ်ပေါ်မှာ တင်ကျန်ခဲ့တာကြောင့် အသက်ရှင်လျက် ကယ်ဆယ်လိုက်နိုင်တယ်လို့ သူကဆက်ပြောပါတယ်။

ချောင်းရေနဲ့ မျောပါသွားတဲ့ကျောင်းဆရာမကို ရေနံချောင်းမြို့၊ မီးသတ်ရုံအနီးမှာ ပြန်လည်တွေ့ရှိခဲ့ရာ ဆေးကုသမှုတွေလုပ်ဆောင်ခဲ့ပေမယ့် သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

သေဆုံးတဲ့ ဆရာမရုပ်အလောင်းကို မီးသတ်တပ်ဖွဲ့နဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ရေနံချောင်းပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #ရေနံချောင်း #ကျောင်းဆရာမ #ရေမျောပါ #သေဆုံးမှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10