ရေနံချောင်းမှာ မြစ်ရေတက်ပြီး ချောင်းကူးလမ်းရေဝင်နေလို့ ကိုယ်ထူကိုယ်ထ ပြုပြင်နေရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ကနေ မကွေးမြို့ကိုသွားတဲ့ ဆားတိုင် အုတ်ဖိုချောင်း ချောင်းကူးလမ်းပိုင်းနေရာမှာ ရေကြီးမှုတွေ ဖြစ်နေပါတယ်။

ရေနံချောင်းမြို့နဲ့ ၁၀ မိုင်ကျော်အကွာအဝေးမှာရှိတဲ့ ရုံးဆိပ်ကျေးရွာအနီးက ဆားတိုင်အုတ်ဖိုချောင်းမှာ မိုးရွာပြီးဧရာဝတီမြစ်ရေတွေ ဝင်လာတာကြောင့် ဒေသခံပြည်သူတွေ သွားလာရခက်ခဲနေတာလို့ ရုံးဆိပ်ရွာ ဆရာတော်က ပြောပါတယ်။ 

အဲ့ဒီချောင်းက ပေ ၂၀၀ ခန့်အကျယ်ရှိပြီး ရေတိုက်စားသွားရာက လမ်းမှာ ချိုင့်ခွက်တွေနဲ့လမ်းပျက်တာတွေကို ကိုယ်ထူကိုယ်ထ ပြန်ပြင်ပြီးသွားရတာဖြစ်လို့ ကျောင်းသွားကျောင်းပြန်နဲ့ စျေးရောင်းစျေးဝယ်သူတွေအတွက် သွားလာရခက်ခဲနေတာလို့ ဆရာတော်ကမိန့်ဆိုပါတယ်။

အဲ့ဒီချောင်းက ကျေးရွာချင်းဆက်နေတဲ့ ဆားတိုင်-ဘဲဆိပ်-ပေတော လမ်းကိုကျေးရွာပေါင်း ၈ ရွာ၊ အိမ်ခြေပေါင်း ၁၃၄၆ အိမ် ၊လူဦးရေစုစုပေါင်း ၆၁၅၈ ဦး မှီခိုအားထားနေရတာဖြစ်ပြီး၊ ရေနံချောင်းက မကွေးမြို့အထိတိုက်ရိုက်သွားလာနိုင်တဲ့လမ်းမကြီး ဖြစ်တယ်လို့သိရပါတယ်။

နှစ်စဥ်မြစ်ရေကြီးချိန်မှာ သွားလာရတဲ့အခက်အခဲဖြစ်နေကြပြီး၊ ယခင်ကလည်းဖြစ်ခဲ့သလို ရေကျော်သာမလုပ်ပေးခဲ့ရင် ယခုလိုပဲသွား လာရခက်ခဲနေဦးမှာပါလို့ ဆိုပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရေနံချောင်း #ဧရာဝတီမြစ်ရေကြီး #ချောင်းကူးလမ်းရေဝင် #ကိုယ်ထူကိုယ်ထ ပြုပြင် #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10