သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မြိုင်မြိုနယ်၊ ကိုင်းတောမနယ်မြေရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၁ ဦးကို ဧပြီလ ၂၈ ရက် မနေ့မနက် ၁၀ နာရီခန့်က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပခုက္ကူပြည်သူကာကွယ်ရေးတပ်ဖွဲ့က ဧပြီလ ၂၉ ရက်ဒီကနေ့မှာထုတ်ပြန်ပါတယ်။
ပစ်သတ်ခံရသူဟာ အသက် ၂၃ နှစ်အရွယ် ရဲတပ်သား ချင်းလေး ဆိုသူဖြစ်ပြီး ကိုင်းတောမနယ်မြေရဲစခန်းကနေ ရေပန့်ပြင်ဖို့ ဆိုင်ကယ်နဲ့ထွက်ခွာလာစဉ် ကမ္မ-မြိုင် လမ်းဆုံအနီးမှာ စောင့်ကြိုပစ်ခတ်ခဲ့တာလို့ ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မြေလတ်အသံကိုပြောပါတယ်။