ရေပေါ်သပိတ်ဖြင့် သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံပွဲပြုလုပ် (photo news)

ရေပေါ်သပိတ်ဖြင့် သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံပွဲပြုလုပ် (photo news)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင် -ဆားလင်းကြီး ရွာပေါင်းစုံသပိတ် လူငယ်တွေက သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံတဲ့အနေနဲ့ ယနေ့စက်တင်ဘာ ၁၉ ရက်မှာ ရေပေါ်သပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ယင်းမာပင်မြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးတနေရာမှာ ညနေပိုင်းအချိန်ခန့်က ငှက်ပျောတုံးဖောင်နဲ့ သံအမတ်ကြီးပုံပါ ဘန်နာကိုင်လျက် ရေပေါ်သပိတ်ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရေပေါ်သပိတ်ပြုလုပ်သူတွေက "ဒို့သံအမတ်ကြီးကဘယ်သူလဲ -ဦးကျော်မိုးထွန်း၊ ဖယ်ထရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး-ဒို့အရေး၊ အမျိုးသား ညီညွတ်ရေးအစိုးရ- ဒို့အစိုးရ၊ တော်လှန်စစ်ပွဲ- ဒို့ဆင်နွှဲမည်" အစရှိတဲ့ ကြွေးကြော်သံတွေဟစ်ကြွေးခဲ့ကြတယ်လို့သိရပါတယ်။

#မြေလတ်အသံ

#သတင်း #photonews #သံအမတ်ဦးကျော်မိုးထွန်း #ရေပေါ်သပိတ် #စစ်ကိုင်းတိုင်း #ယင်းမာပင်  #ဆားလင်းကြီး #လူထုလှုပ်ရှားမှု #သပိတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10