ရေဘေးအလှူကရတဲ့ ခေတ်မီအဝတ်အထည်တချို့ ဒေသခံအမျိုးသမီးများမဝတ်ရဲကြ၊ ဒေသနဲ့ကိုက်ညီတဲ့ အဝတ်များလိုအပ်

ရေဘေးအလှူကရတဲ့ ခေတ်မီအဝတ်အထည်တချို့ ဒေသခံအမျိုးသမီးများမဝတ်ရဲကြ၊ ဒေသနဲ့ကိုက်ညီတဲ့ အဝတ်များလိုအပ်

ရေဘေးကယ်ဆယ်ရေးအတွက် ပြည်သူတွေကမျှဝေပေးတဲ့ ခေတ်မီအမျိုးသမီးအဝတ်အထည်အချို့ကို ကျေးလက်နေအမျိုးသမီးတွေ အသုံးမပြုရဲကြဘူးလို့ ရေဘေးသင့်သူတွေကို ကိုယ်တိုင်ဝေငှပေးသူထဲမှာပါဝင်တဲ့ ရေတာရှည်မြို့နယ် ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

လှူဒါန်းတဲ့အဝတ်အထည်တွေထဲမှာ ခေတ်မီအတွင်းခံဘောင်းဘီဖြစ်တဲ့ G String (ကြိုးတချောင်းအတွင်းခံ)တွေလည်း ပါဝင်သလို ဇာ‌ပေါက်နဲ့ ဖော့တွေ၊ ထောက်တွေပါဝင်တဲ့ ဘရာစီယာတွေလည်း ပါဝင်တာကြောင့်လို့ ဆိုပါတယ်။

“မနေ့က သွားလှူတော့ ဒေသခံအမျိုးသမီးတွေက ဒါကြီးကို မဝတ်ရဲဘူး ဒါကြီးက ဘယ်လိုကြီးတုန်းဆိုပြီးပြောတာ။ ပုံမှန်ဆိုရင် ရွာဘက်ကလူတွေဆိုတာ အတွင်းခံကို Menstruation(ဓမ္မတာ) လာတဲ့အချိန်လောက် သုံးကြတာ။” လို့ အဲ့ဒီဒေသခံအမျိုးသမီးက ပြောပါတယ်။

ရေဘေးသင့်သူတွေဟာ ကျေးလက်နေအမျိုးသမီးတွေဖြစ်ပြီး ပုံမှန်သမားရိုးကျ ဒေသနဲ့ကိုက်ညီတဲ့ လုံခြုံတဲ့ဘောင်းဘီမျိုးတွေ၊ ကျောအပြည့်ချုပ်ထားတဲ့ ပိတ်ဘရာစီယာနဲ့ ပိတ်သားနဲ့ချုပ်ထားပြီး ဗော့ခွက်တွေ သံထောက်တွေမပါတဲ့  မြန်မာနဲ့ထိုင်းချုပ်တွေကိုသာ အသုံးပြုကြတာလို့  သူကဆက်ပြောပါတယ်။ 

ဒါ့အပြင် လက်ရှိအချိန်မှာ ရာသီဥတုအေးတာမျိုးမရှိတဲ့အတွက် ပါးလွှာတဲ့ အဝတ်အထည်တွေ အဓိကလိုအပ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ နိုင်ငံတဝန်းက ရေဘေးသင့်သူတွေကို တဦးချင်းလှူဒါန်းသူတွေရှိသလို စုပေါင်းလှူဒါန်းသူတွေလည်းရှိပြီး ဒေသခံတွေနဲ့ ဆက်သွယ်လှူဒါန်းနေသူတွေလည်းရှိတယ်လို့ ပြောပါတယ်။ 

နိုင်ငံတဝန်းမှာ ဆိုင်ကလုန်းမုန်တိုင်းရာဂိအရှိန်ကြောင့် ပဲခူး၊ မကွေး၊ မန္တလေး၊ နေပြည်တော် ရှမ်း၊ ကရင်၊ ကယားနဲ့ မွန်စတဲ့ မြို့နယ် ၅၆ မြို့နယ်ကျော်က ရေဘေးကြုံတွေ့နေရသူ ၃ သိန်း ၂ သောင်းကျော်ရှိကာ အဲဒီလူတွေဟာ ယာယီကယ်ဆယ်ရေးစခန်းတွေမှာရှိနေပြီး ရေဘေးကြောင့် သေဆုံးသူ ၁၁၃ ဦး ပျောက်ဆုံးသူ ၆၄ ဦးနဲ့ ဒဏ်ရာရသူ ၁၄ ဦးရှိခဲ့တယ်လို့ စစ်ကောင်စီက စက်တင်ဘာ ၁၅ ရက်မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

ပုံစာ - ဇူလိုင်လက ပဲခူးမြို့နယ်အတွင်း ရေးဘေးရှောင်စခန်းတခု။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#ရေဘေး #အလှူ #အဝတ်အထည် #ကယ်ဆယ်ရေး #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10