ရေမြက်နီရွာက စစ်ရှောင်တွေကို ပြည်ပကနေ ကျပ်သိန်း ၅၀ ထောက်ပံ့

ရေမြက်နီရွာက စစ်ရှောင်တွေကို ပြည်ပကနေ ကျပ်သိန်း ၅၀ ထောက်ပံ့

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာကနေ တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေကို ဇွန် ၂၀ ရက်မှာ ငွေကျပ်သိန်း ၅၀ ထောက်ပံ့ပေးခဲ့တယ်လို့ ထီးလင်းမြို့နယ်အနောက်ပိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

ဒီငွေကို ပြည်ပရောက် နွေဦး BR နဲ့ နွေဦး SG အဖွဲ့တို့က ထောက်ပံ့ခဲ့တာဖြစ်ပြီး အဆိုပါအဖွဲ့တွေကိုယ်စား ထီးလင်းမြို့နယ်အနောက်ပိုင်း ပအဖ အဖွဲ့ဝင်တွေက သွားရောက်ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။ 

"ထောက်ပံ့ငွေကို ခွဲဝေပေးထားပါတယ်။ စစ်တပ်က ရွာထဲမှာကတပ်စွဲထားတော့ ပြန်လို့ မရသေးတာပါ။ တောထဲမှာ တဲထိုးနေကြတယ်။ အလုပ်လည်း မရှိကြပါဘူး။ ကျန်းမာရေး၊ ပညာရေးပိုင်းရော လိုအပ်ချက်တွေရှိနေကြတယ်" လို့ ပအဖ တာဝန်ခံ ကိုသန့်ဇင် ကပြောပါတယ်။

အိမ်ထောင်စု ၁၄၀ စုမှာ တအိမ်ထောင်ကို ငွေကျပ် ၃၅၀၀၀၊ ဆား ၁ ထုပ်၊ လက်ဘက်ခြောက် ၁ ထုပ်စီ ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။ 

အဆိုပါစစ်ရှောင်ထဲက သက်ကြီးရွယ်အိုတွေမှာလည်း ဆီးချို၊ သွေးတိုး၊ နာတာရှည်ရောဂါတွေ ခံစားနေရပြီး ဆေးကုသချင်ရင် လက်ရှိနေထိုင်ရာဒေသနဲ့ ၃ မိုင်ကျော်ဝေးကွာတဲ့ ဆေးပေးခန်းက ကျန်းမာရေးဝန်ထမ်းတွေ လာရောက်ကုသပေးတာရှိတယ်လို့လည်း ဆိုပါတယ်။ 

ဒါ့အပြင် စစ်ရှောင်ကလေးငယ် ၈၀ ကျော်အတွက်လည်း KG ကနေ Grade 8 အထိ ဆရာ၊ ဆရာမ ၄ ဦးက စာသင်ကြားပေးနေပြီး စာသင်အဆောင်၊ စာသင်ခုံ စတဲ့သင်ထောက်ကူပစ္စည်းတွေလည်း လိုအပ်နေတယ်လို့ ပအဖ တာဝန်ခံက ပြောပါတယ်။

အိမ်ခြေ ၃၀၀ ခန့်ရှိတဲ့ ရေမျက်နီကျေးရွာကို ၂၀၂၄ ဇန်နဝါရီအစောပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့ရာ ၁၄၈ အိမ် မီးလောင်ဆုံးရှုံးခဲ့ပြီး အဲ့ဒီအချိန်ကစလို့ စစ်ကောင်ဘက်က ရွာထဲမှာတပ်စွဲနေထိုင်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။ 

ပုံစာ - စစ်ရှောင်ပြည်သူတွေကို ထောက်ပံပေးနေစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ထီးလင်း #စစ်ရှောင် #မီးဘေးသင့် #ထောက်ပံ့ #ပညာရေး #ကျန်းမာရေး #အခက်အခဲကြုံနေ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10