ရေလယ်ကျွန်းက စစ်ရှောင်တွေကို ဆန်နဲ့မိုးကာ ထောက်ပံ့

ရေလယ်ကျွန်းက စစ်ရှောင်တွေကို ဆန်နဲ့မိုးကာ ထောက်ပံ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ကျေးရွာ ၂ ရွာကနေ တိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကို ဇူလိုင်လ ၂၉ ရက် မနေ့ကနေ့လယ်ပိုင်းမှာ ဆန်နဲ့မိုးကာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ရေစကြိုမြို့နယ် လူသားချင်းစာနာကူညီရေးအဖွဲ့ရဲ့ ရေလယ်ကျွန်းဒေသ တာဝန်ခံဆီက သိရပါတယ်။

နေရင်းရွာနဲ့ မင်းရွာကနေအိမ်တွေကို စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေက စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်တွေပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံတွေအနေနဲ့လည်း ရွာကနေတိမ်ရှောင်နေရတာ တနှစ်ကျော်ကြာပြီဖြစ်ကာ သူတို့အတွက် စားသောက်ရေးနဲ့ နေထိုင်ရေး ခက်ခဲနေတာကြောင့် ခုလို ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

 "သူတို့ ဒုက္ခရောက်နေတာကို ပစ်မထားပဲ ထောက်ပံ့ပေးတဲ့သဘောပါ။ အခက်ခဲတွေကတော့ အစားအသောက် နေထိုင်ဖို့ကအစ ခက်ခဲနေကြတယ်။ ကျနော်တို့လည်း သုံးလမှတကြိမ်ပဲ ထောက်ပံ့နိုင်တယ်" လို့ ရေစကြိုမြို့နယ် လူသားချင်းစာနာကူညီရေးအဖွဲ့ရဲ့ ရေလယ်ကျွန်းဒေသ တာဝန်ခံက ပြောပါတယ်။ 

အိမ်ထောင်စု ၁၀၈ စုက လူဦးရေ  ၂၇၆ ဦးတို့အတွက် ဆန်အိတ် ၂၃ အိတ်နဲ့ မိုးကာ ၁၂ ပေပတ်လည် ၁၂ ချပ် ထောက်ပံ့ခဲ့တာလို့ ဆိုပါတယ်။ 

"စစ်ရှောင်နေတာ တနှစ်နဲ့တလရှိပါပြီ။ နေရင်းရွာထဲကအိမ်တွေမှာရှိတဲ့ ပစ္စည်းတွေလည်း ကုန်ပြီ။ အိမ်တွေလည်း မီရှို့ခံလိုက်ရတယ်။ အလုပ်လည်းမရှိတော့ ဝင်ငွေလည်း မရှိကြဘူးလေ။ နေဖို့စားဖို့ အကုန်ခက်ခဲနေကြတယ်" လို့ နေရင်းရွာမှ စစ်ရှောင်လာသူတဦးက မြေလတ်အသံကိုပြောပါတယ်။

နေရင်းရွာနဲ့ မင်းရွာက စစ်ရှောင်ပြည်သူတွေဟာ မင်းရွာမှာတပ်စွဲထားတဲ့ စစ်သားနဲ့ ပျူစောထီးတွေရဲ့ ရန်ကြောင့် နေရပ်ပြန်လို့မရသေးတဲ့အပြင် လယ်ယာလုပ်ငန်းတွေကိုလည်း မလုပ်ကိုင်ရတဲ့အတွက် ငွေကြေးပါ ခက်ခဲနေတယ်လို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#မကွေး #ရေစကြို #ရေလယ်ကျွန်း #စစ်ရှောင် #ထောက်ပံ့ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10