ရေလယ်ကျွန်းမှာ စစ်ရှောင်ကလေးငယ် ၁ ဦးသွားကိုက်ဝေဒနာဖြစ်ရာက သေဆုံး

ရေလယ်ကျွန်းမှာ စစ်ရှောင်ကလေးငယ် ၁ ဦးသွားကိုက်ဝေဒနာဖြစ်ရာက သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ စစ်ရှောင်နေကြသူတွေထဲက ကလေးငယ် ၁ ဦးမှာ ဇူလိုင်လ ၃၀ ရက်ကသေဆုံးခဲ့ရတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

စစ်ရှောင်ကလေးငယ်မှာ ၆ နှစ်အရွယ်ရှိ မပိုးအိဖြူ ဆိုသူဖြစ်ပြီး သွားကိုက်ဝေဒနာခံစားနေရာမှ သွားဖုံးတွေရောင်လာလို့ ဇူလိုင် ၁၆ ရက်မှ ာနီးစပ်ရာဆေးပေးခန်းကို သွားရောက်ကုသခဲ့ပြီး သွားလာဆေ့ာကစားမြဲ နေထိုင်ရာက ခုလိုသေဆုံးခဲ့တာလို့ ဆိုပါတယ်။

"ကလေးကထူထူထောင်ထောင် ရှိနေတာပါ။ဆေးခန်းလည်း တခါပြထားတယ်။ ညပိုင်း ၈ နာရီလောက်မှာ အခြေနေဆိုးလာတယ်။ အော်ဟစ်နေတာပေါ့။ ဆေးပေးခန်းကိုသွားတော့ အချိန်လွန်သွားပြီတဲ့။ မနက်ကြတော့ ကလေးမလေး ဆုံးရှာတယ်" လို့ ကူညီလုပ်ကိုင်ပေးသူတဦးက ပြောပါတယ်။

ကလေးငယ်မိဘတွေဟာ ပြင်ဆင်ချိန်မရခဲ့ကြသလို ဆေးခန်းမှဆေးရုံကြီးကိုလွှဲချိန် စက်လှေတွေချက်ချင်းစီစဥ်ပြီး မြင်းခြံဆေးရုံကြီးကိုအသွား ဇူလိုင် ၃၀ရက် မနက် ၄ နာရီကျော်လောက်က လမ်းမှာဘဲဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ကလေးငယ်ရဲ့ရုပ်အလောင်းကို ဇူလိုင် ၃၁ ရက်နေ့လယ် ၁၂ နာရီအချိန်မှာ စစ်ရှောင်နေရတဲ့ ရေလယ်ကျွန်းနေရာမှာဘဲ မြေယာပိုင်ရှင်တွေထံ ခွင့်တောင်းပြီး မြေမြုပ်သင်္ဂြိုလ်ခဲ့တယ်လို့ ဆိုပါတယ်။

ကလေးငယ်မှာ အခြားမိသားစုဝင် ၅ ဦးရှိပြီး လက်လုပ်လက်စား လုပ်ကိုင်နေကြသူတွေ ဖြစ်သလို အများအားဖြင့် ငါးဖမ်းတဲ့အလုပ်ကို အဓိကထားလုပ်ကြတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မကွေးတိုင်း #ရေစကြို #ရေလယ်ကျွန်း #စစ်ရှောင် #ကလေးသူငယ် #ကျန်းမာရေး #ကုသရေး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10