ရေဦးက မီးဘေးသင့်သူတွေကို အနွေးထည်နဲ့ ခြုံစောင်တွေပေးဝေ

ရေဦးက မီးဘေးသင့်သူတွေကို အနွေးထည်နဲ့ ခြုံစောင်တွေပေးဝေ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က မီးဘေးသင့်ပြည်သူတွေကို တတိယအကြိမ်အဖြစ် အနွေးထည်နဲ့ ခြုံစောင်တွေ ပေးဝေခဲ့တယ်လို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ့ထောက်ပံ့ရေးအဖွဲ့ ဦးဆောင်သူ ကိုထူးခန့်ဇော်(အမေ့သား)က ပြောပါတယ်။ 

ဒီဇင်ဘာ ၂၈ ရက် ဒီနေ့မှာ အိမ်ထောင်စု ၂၅ စု၊ ဒီဇင်ဘာ ၂၇ ရက်က အိမ်ထောင်စု ၅၅ စုနဲ့ ဒီဇင်ဘာ ၂၄ ရက်က အိမ်ထောင်စု ၂၅  စုစုပေါင်း အိမ်ထောင်စု ၁၁၁ စုကို သူတို့နေထိုင်ရာ ကျေးရွာအရောက် တအိမ်ထောင်ကို အနွေးထည် ၂ ထည်နဲ့ ခြုံစောင် ၁ ထည်စီ ပေးဝေခဲ့တာလို့ ဆိုပါတယ်။ 

“ မီးထဲအကုန်ပါတော့ ဘာမှ မရှိတော့ဘူး။ ဆောင်းတွင်းလည်းဖြစ်တော့ ချမ်းချမ်းအေးအေးနဲ့  သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေပါ ပြေးကြရတော့ သူတို့အတွက် ဦးစားပေးပြီး လှူခဲ့ပါတယ်။ အညာဆောင်းကတော့ နှစ်တိုင်း အေးစမြဲပါ“ လို့ ကိုထူးခန့်ဇော်က ပြောပါတယ်။ 

အကူအညီထပ်မံရရှိလာပါက ဆက်လက်လှူဒါန်းဖို့ရှိပြီး တကြိမ်တခါမျှ လှူဒါန်းမှု မရရှိသေးတဲ့ အိမ်ထောင်စုတွေကိုသာ ရွေးချယ်လှူဒါန်းသွားမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ 

ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ့ထောက်ပံ့ရေး(NGO)ကို တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်လှူဒါန်းပေးဖို့နဲ့ အလှူရှင်တယောက်ချင်းစီတိုင်းကို မီးဘေးသင့်ပြည်သူတွေရဲ့ကိုယ်စား ကျေးဇူးတင်ပါတယ်လို့ ဆိုပါတယ်။

မီးဘေးသင့်စစ်ရှောင်ပြည်သူတွေအတွက် လှူဒါန်းလိုပါက တယ်လီဂရမ် https://t.me/mothersson122021 နဲ့ ရေဦးမြို့နယ်စစ်ရှောင်ပြည်သူ့ထောက်ပံ့ရေး(NGO) Page Chatbox ကိုလည်း ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

အခုကူညီလှူဒါန်းမှုပေးခဲ့တဲ့ စစ်ရှောင်တွေဟာ ပြီးခဲ့နှစ် ဇွန်လကနေ ဒီဇင်ဘာလအတွင်းမှာ စစ်ကောင်စီတပ်က မီးရှို့ခဲ့တဲ့ ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ - မီးဘေးသင့် ပြည်သူတွေကို စောင်များပေးဝေမှုမြင်ကွင်း။

စာတည်း - လင်းဇေ 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရေဦးမြို့နယ် #မီးဘေးသင့် #အနွေးထည် #ခြုံစောင် #စစ်ရှောင် #ကိုထူးခန့်ဇော် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10