ရဲစခန်းအထွက်မှာ စနိုက်ပါစာ မိသွားတဲ့ ရဲတဦး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင်နယ်မြေခံရဲကင်းစခန်းကနေထွက်လာတဲ့ ရဲတပ်သား ၂ ဦးကို ကာကွယ်ရေးတပ်ဖွဲ့တွေက မတ် ၂၆ ရက် နေ့လယ် ၃ နာရီလောက်မှာ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ Immortal Guerrilla Force - Monywa အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီရဲတပ်သား ၂ ဦးဟာ စခန်းအပြင်ကိုထွက်လာချိန်  CHU-PDF (Sniper Team)တပ်ဖွဲ့က မီတာ ၈၀၀  အကွာကနေ ပစ်ခတ်ခဲ့လို့ ရဲ ၂ ဦးထဲက ၁ ဦးရဲ့ ရင်ဘတ်ကို ထိမှန်သေဆုံးသွားခဲ့ပါတယ်။

အဲဒီနောက် ရဲကင်းကနေ လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခတ်ခဲ့လို့ အပြန်အလှန်ပစ်ခတ်မှု မိနစ်အနည်းငယ်ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

“သူတို့ ဘန်ကာအပြင်ဘက်ကို ထွက်လာတဲ့အချိန် စနိုက်ပါနဲ့ ပစ်လိုက်တာ။ ကျနော်တို့ ပစ်ပြီး ပြန်ဆုတ်လာတော့ သူတို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပါ ပြန်ပစ်တာ။ အဲဒီရဲကင်းစခန်းနားမှာ အရင်ကလည်း ပစ်ခတ်မှုတွေ အများကြီးရှိခဲ့တယ်။” လို့ Immortal Guerrilla Force - Monywa တပ်ဖွဲ့မှ တာဝန်ခံတဦးက ပြောပါတယ်။

အဲ့ဒီရဲကင်းစခန်းကို CHUPDF (Sniper Team) တပ်ဖွဲ့တွေက ဖေဖော်ဝါရီလနဲ့ မတ်လအတွင်းမှာလည်း သွားရောက်ပစ်ခတ်ခဲ့လို့ ရဲတပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၁ ရက်ကလည်း CHUPDF တပ်ခွဲ (၂) Immortal Guerrilla Force - Monywa ပူးပေါင်းတပ်ဖွဲ့ဟာ မုံရွာ နမခကနေထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်း ၄ စီးကို မုံရွာ - ချောင်းဦး လမ်းပိုင်းတနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့ပါသေးတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#မုံရွာ #ရဲကင်း #ရဲစခန်း #ရဲ #စနိုက်ပါ #ပစ်ခတ် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10