ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းတွေနဲ့ CDF-KKG ဆီ အလင်းဝင်လာ

ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းတွေနဲ့ CDF-KKG ဆီ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၁ ဦး မတ်လ ၉ ရက်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force (Kalay - Kabaw - Gangaw) တပ်ရင်းဆီက သိရပါတယ်။

အသက် ၂၆ နှစ်အရွယ် ရဲတပ်သား ၁ ဦးက G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၅ ဘောက်၊ ကျည်ဆန် ၃၃၀ ထောင့်၊ လက်ပစ်ဗုံး ၁ လုံးနဲ့အတူ CDF - KKG ဆီ အလင်းဝင်ခဲ့တာဖြစ်ပြီး အမည်ကိုတော့ လုံခြုံရေးအရ ဖော်ပြထားခြင်းမရှိပါဘူး။ 

"လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတာပါ။ ဆုငွေလည်း ချီးမြင့်လိုက်ပါတယ်” လို့ CDF-KKG တပ်ဖွဲ့ သတင်းတာဝန်ခံက အတည်ပြုပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်သူလူထုကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေတာကြောင့် ဒီလုပ်ရပ်တွေကို မလုပ်ချင်တာကြောင့် ခုလိုအလင်းဝင်လာခဲ့တာဖြစ်ကြောင်း ရဲတပ်သားရဲ့ပြောပြချက်ကို ကိုးကားပြီး အထက်ပါသတင်းတာဝန်ခံက ပြန်ပြောပါတယ်။ 

CDF(KKG) တပ်ရင်းအနေနဲ့ ရဲတပ်သားကို ကျပ်သိန်း ၅၀ ဆု ချီးမြင့်ခဲ့ပြီး လွတ်မြောက်နယ်မြေတနေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းကာလ ၃ နှစ်ကျော် ကာလအတွင်း CDF-KKG တပ်ရင်းဆီ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတဲ့ စစ်သားနဲ့ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကျော်ရှိပြီလို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #လက်နက်ခဲယမ်းယူ #အလင်းဝင် #ရဲတပ်သား #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10