ရဲဘက်စခန်းကထောင်ပိုင်တဦး ကိုယ့်ကိုကိုယ်အဆုံးစီရင်

ရဲဘက်စခန်းကထောင်ပိုင်တဦး ကိုယ့်ကိုကိုယ်အဆုံးစီရင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကုန်းစံရဲဘက်စခန်းက စိုက်ပျိုးထားတဲ့ကြံတွေ လျာထားချက်ပြည့်မီအောင် မပေးနိုင်တာကြောင့် ထောင်ပိုင်တဦးသူ့ကိုယ်သူ သေနတ်နဲ့ပစ်ကာအဆုံးစီရင်သွားတယ်လို့ သိရပါတယ်။
 
ပေါင်းတည်မြို့သားတဦးဖြစ်ပြီး၊ ပေါင်းတည်အကျဥ်းထောင်မှာလည်း ဗိုလ်အဆင့်နဲ့တာဝန်ထမ်းဆောင်ခဲ့သူ အသက် ၅၃ နှစ်အရွယ်ရှိ ထောင်ပိုင်ဦးစီးအရာရှိဦးဝင်းမြင့်ဇော်ဟာ ဖေဖေါ်ဝါရီလ ၇ ရက်မနက် ၁၀ နာရီလောက်က သူ့ရဲ့နေအိမ်လိုင်းခန်းရှေ့မှာပဲ သေနတ်နဲ့ မေးစေ့ကိုပစ်ကာ အဆုံးစီရင်သွားခဲ့တာလို့ သိရပါတယ်။
 
"သူ့မိန်းမကပြင်ဦးလွင်ကို ဆန်ဝယ်သွားနေတုန်း အိမ်မှာသူတယောက်ထဲရှိတုန်း ဖြစ်သွားတာ။ သူ့မှာက ပစ္စတိုတလက်နဲ့ အရှည်တလက်ရှိတယ်။ အခုက လိုင်းခန်းရှေ့ဆက်တီခုံထိုင်ရင်း သေနတ်အရှည်နဲ့ အဆုံးစီရင်လိုက်တာ" လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
မနေ့နေ့လယ်လောက်မှာပဲ အလောင်းကိုသင်္ဂြိုလ်ကာ အကျဥ်းဦးစီးဝန်ထမ်းအားလုံးနီးပါးလိုက်ပါပို့ဆောင်ကြပြီး မိသားစုကိုတော့ အလောင်းကြည့်ခွင့်မပေးဘူးလို့ သူကဆက်ပြောပါတယ်။
 
အဆိုပါ အကျဥ်းဦးစီးမှူးမှာ ဇနီးနဲ့ အတူသမီးတဦးနဲ့သား ၂ ဦးကျန်ရစ်ခဲ့ပြီး၊ သူတာဝန်ကျတဲ့ ကုန်းစံရဲဘက်အကျဉ်းစခန်းမှာ စိုက်ထားတဲ့ကြံတွေ မျှော်မှန်းတဲ့ တန်ချိန်မပြည့်မီတဲ့အတွက် ကြံတန်ချိန် ၁၀၀၀ လျှော်ကြေးပေးရမယ်လို့ ဖိအားပေးတာကြောင့် သေကြောင်းကြံစည်သွားတာဖြစ်တယ်လို့ အကျဥ်းထောင်ဝန်ထမ်းတဦးထံက သိရပါတယ်။
 
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10