ရဲ ၁ ဦးကိုရှင်းလင်းပြီးနောက် စစ်တပ်နဲ့ရဲ ပြည်သူနဲ့ပူးပေါင်းဖို့ ကမ္မမြို့မှာ PDF က ဗီနိုင်းစိုက်ထူသတိပေး

ရဲ ၁ ဦးကိုရှင်းလင်းပြီးနောက် စစ်တပ်နဲ့ရဲ ပြည်သူနဲ့ပူးပေါင်းဖို့ ကမ္မမြို့မှာ PDF က ဗီနိုင်းစိုက်ထူသတိပေး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ရဲစခန်းက ရဲကိုပစ်သတ်ပြီး ၁ ရက်အကြာမှာ ရဲနဲ့စစ်သားတွေ ပြည်သူနဲ့ပူးပေါင်းကြဖို့ အသိပေးစာကို မြို့လယ်ခေါင်မှာ စိုက်ထူခဲ့တယ်လို့ People's Defense Force - Kamma ကသတင်းထုတ်ပြန် ထားပါတယ်။

ကမ္မမြို့ရဲစခန်းနဲ့ တဖာလုံလောက်အကွာ စျေးအနီးလမ်းဆုံမှာ ဇူလိုင် ၁၄ ရက်ည ၈ နာရီခွဲလောက်က စစ်ကောင်စီရဲ့ဝါဒဖြန့်ဗီနိုင်းကိုမီးရှို့ပြီး သတိပေးစာကိုစိုက်ထူခဲ့တာလို့ ဆိုပါတယ်။

" သူတို့ (စစ်အုပ်စု)က PDFတွေနဲ့ PDFပတ်သက်မှုရှိတဲ့ လူ့အဖွဲ့အစည်းတွေကို သူတို့ဆီခိုလှုံဖို့ သိမ်းသွင်းတဲ့ သဘာဝမကျတဲ့စာကို လုံးဝဆန့်ကျင်ပြီး သူတို့စကစကို ကျနော်တို့ PDF တွေဆီ ပြန်လည်ခိုလှုံရန် သတိပေး၊ အသိပေးခဲ့တဲ့ ရည်ရွယ်ချက်နဲ့သူတို့ဆိုင်းဘုတ်ကိုဖြုတ်ချပြီး ကျနော်တို့သတိပေးစာကို ပြန်ကပ်ခဲ့တာပါဗျ " လို့ People`s Defense Force - Kammaရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဒိုင်းနမိုက်က ပြောပါတယ်။

လက်ရှိအချိန်အထိ ပြန်လည်စိုက်ထူခဲ့တဲ့ ဆိုင်းဘုတ်အနီးကို စစ်အုပ်စုဘက်က လာရောက်ခြင်းမရှိသလို ဖြုတ်သိမ်းတာလည်းမရှိဘူးလို့ သူကဆက်ပြောပါတယ်။

ကမ္မမြို့ရဲစခန်းက ရဲ ၁ ဦးကို ဇူလိုင် ၁၃ ရက်နေ့လယ်က ရဲစခန်းရှေ့ဘန်ကာအတွင်း လုံခြုံရေးစောင့်နေချိန် People's Defence Force - Kamma က ပစ်ခတ်တိုက်ခိုက်လို့ သေဆုံးခဲ့သေးတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစိုက်ထူတဲ့ ဝါဒဖြန့်ဗီနိုင်းဆိုင်းဘုတ်မှာ "PDFအပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်ခြင်း" လို့ ရေးသားထားတာလို့ သိရပါတယ်။

အဲ့ဒီနေရာမှာ "စစ်အာဏာရှင်လက်အောက် ယခုထိ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းအပေါင်းနှင့် ပြည်သူ့စစ် ပြည်သူ့ရဲအပေါင်းတို့ လက်ရှိဖြစ်ပေါ်နေသော အခြေနေအရပ်ရပ်အား မိမိတို့၏ ဆင်ခြင်တုံတရားအသိညဏ်ဖြင့် သုံးသပ်ဆုံးဖြတ်၍ စစ်အာဏာရှင်လက်အောက်မှ အမြန်ရုန်းထွက်၍ ပြည်သူ့ဘက်တော်သားအဖြစ် ခံယူလာပါရန်နှင့် ရုန်းထွက်ပူးပေါင်းလာသူများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အမြဲကြိုဆိုလျက်ရှိပါကြောင်း အသိပေးကြေညာအပ်ပါသည်" စာတန်းပါဗီနိုင်းကိုစိုက်ထူခဲ့တာလို့ ဆိုပါတယ်။

 ဇူလိုင် ၅ ရက် မနက်ကလည်း People Defence Force - Kamma တပ်ဖွဲ့ ဟာ ကမ္မမြို့ရဲစခန်းထဲကထွက်လာတဲ့ ရဲတပ်သားတဦးကို စခန်းနဲ့ မီတာ ၁၀၀ ကျော်အကွာမှာပဲ သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တဲ့အပြင် အဲ့ဒီရဲဆီက G3 တလက်၊ ကျည်ဘောက်တခု၊ ကျည် ၁၂ တောင့်နဲ့ ဖုန်း ၁ လုံးတို့ သိမ်းဆည်းနိုင်ခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူ #ကမ္မ #ရဲစခန်း #စစ်ကောင်စီ #pdf #ပစ်ခတ်တိုက်ခိုက်မှု #ဗီနိုင်း #စိုက်ထူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10