သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှာ တပ်စွဲတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ ခန့်ဟာ အနီးဝန်းကျင်က ကျေးရွာတွေကို ဝင်ရောက်မွှေနှောက်ပြီး ရွာက ပစ္စည်းတွေကို ယူဆောင်ပြီးပြန်လာတဲ့အချိန် မေလ ၂၄ ရက် နေ့လယ် ၁ နာရီခန့်မှာ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အထက်ပါ ပြောက်ကျားတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃၊ ချင်းတွင်းတပ်ပေါင်းစု၊ မြောင်ဗိုလ် တောက်ထွန်းအထူးကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ တပ်ဖွဲ့မှ တာဝန်ခံ ဗိုလ်မူတူးက ဆိုပါတယ်။
"ကျနော်တို့ကင်းပုန်းဝပ်စောင့်နေတာ။ ရွာထဲမှာ ဝင်မွှေပြီး ထွက်လာတော့ အပိုင်စောင့်ပစ်ကြတာ။ စစ်သားတွေနောက်ကြောင်း ပြန်ပြေးသွားတယ်။ ၃ ယောက်သေတယ်၊ ၁ ယောက်က ဒဏ်ရာရတယ်" လို့ သူက ဆက်ပြောပါတယ်။
အခုလိုတိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာက ယူလာတဲ့ ပစ္စည်းတွေကိုထားခဲ့ပြီး အလောင်းတွေကိုထမ်းကာ အထိုင်ချရာ ကျောက်ရစ်စခန်းကို ပြန်သွားကြတယ်လို့ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ တပ်ဖွဲ့မှ တာဝန်ခံဗိုလ်မူတူးက ပြောပါတယ်။
ပြီးခဲ့တဲ့မေလ ၂၁ ရက် ညနေမှာ ကျောက်ရစ်ရဲစခန်းဘန်ကာရှေ့ကို ဒေသခံကာကွယ်ရေးတပ်တွေက RPG အပါအဝင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပါသေးတယ်။