ရွာထဲကမထွက်ရင် မီးရှို့မယ်လို့ ခြိမ်းခြောက်ပြီး ဒေသခံ အယောက် ၅၀ ကိုဖမ်းသွား

ရွာထဲကမထွက်ရင် မီးရှို့မယ်လို့ ခြိမ်းခြောက်ပြီး ဒေသခံ အယောက် ၅၀ ကိုဖမ်းသွား

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် မြို့လှကျေးရွာက ပြည်သူတွေကို ကျေးရွာကထွက်မသွားရင် မီးရှို့မယ်လို့ ခြိမ်းခြောက်မောင်းထုတ်ပြီး ပြည်သူအယောက် ၅၀ လောက်ကိုလည်း ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွာထဲဝင်လာပြီး ဖမ်းခေါ်သွားတဲ့သူတွေဟာ မြင်းစီးရွာက ပျူစောထီးတွေဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက် မနေ့က PDF အယောင်ဆောင်ပြီး ကား ၂ စီးနဲ့ဝင်လာကာ ခြိမ်းခြောက်ဖမ်းခေါ်သွားတာ ဖြစ်တယ်လို့ ရွှေဘို PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

"ရွာသားတွေက အထုပ်တွေပြင်ပြီး ထွက်ပြေးကြကုန်ပြီ။ ထွက်မပြေးလို့လည်း မရဘူး။ လက်နက်တွေနဲ့ လှမ်းပစ်နေတာဆိုတော့။ ဖမ်းသွားတဲ့ ရွာသားတွေကိုလည်း ဘယ်ကို ဖမ်းခေါ်သွားလဲ မသိဘူး။ အခုချိန်ထိလည်း ပြန်မလွတ်သေးဘူး" လို့ ဆိုပါတယ်။

အဲ့ဒီရက်မှာပဲ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးကိုလည်း ပျူစောထီးအဖွဲ့တွေက သတ်သွားခဲ့သေးတယ်လို့ ရွှေဘို PDF တပ်ဖွဲ့ဝင်ကပဲ ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ရွာထဲမှာ ပျူစောထီးတွေ မရှိတော့ပေမယ့် ရွာကို မီးရှို့မယ်လို့ ခြိမ်းခြောက်ထားလို့ အဲ့ဒီရွာက ဒေသခံတွေဟာ နီးစပ်ရာ ရွာတွေနဲ့ တောစပ်တွေမှာ နေကြရတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10