ရွာပေါင်းစုံသပိတ်ကော်မတီက ကြားကာလကျောင်းရှိ ကျောင်းသား၊ကျောင်းသူတွေကို  ကျန်းမာရေးစောင့်ရှောက်မှုပေး

ရွာပေါင်းစုံသပိတ်ကော်မတီက ကြားကာလကျောင်းရှိ ကျောင်းသား၊ကျောင်းသူတွေကို  ကျန်းမာရေးစောင့်ရှောက်မှုပေး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကြားကာလအထက်တန်းကျောင်းတကျောင်းမှာ ကျောင်းသား၊ ကျောင်းသူတွေကို နိုဝင်ဘာလ ၈ ရက်က ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီရဲ့ Medical Team အဖွဲ့ဆီက သိရပါတယ်။ 

NUG လက်အောက်ခံကြားကာလကျောင်းမှာ မူလတန်းအဆင့်ကလေးငယ် ၁၀၇ ဦးကို သံချဆေး၊ အလယ်တန်းနဲ့ အထက်တန်းအဆင့် ကျောင်းသူ ၄၂ ဦးကို သံဓာတ် အားတိုးဆေးတွေ တိုက်ကျွေးခဲ့တာလို့ ဆိုပါတယ်။

"ကလေးငယ်တွေကို သံချဆေးနဲ့ အပျိုဖော်ဝင်ကျောင်းသူတွေကိုတော့ သံဓာတ်အားတိုးဆေး ကျွေးခဲ့ပါတယ်။ တခြားကျန်းမာရေး ဗဟုသုတတွေလည်း ပြောပြခဲ့ပါတယ် " လို့ Medicak Team တာဝန်ခံ CDM ဆရာမ မအိက ပြောပါတယ်။

Medical Team အဖွဲ့က စေတနာ့ကျန်းမာရေးဝန်ထမ်း ဆရာမ ၃ ဦးနဲ့ ပြုစုစောင့်ရှောက်ပေးခဲ့ပြီး ကျောင်းသားတွေအပြင် ဒေသခံတွေထဲက ကျန်းမာရေးမကောင်းသူတွေကိုလည်း အခမဲ့ ဆေးကုသပေးခဲ့တယ်လို့ သူမက ဆက်ပြောပါတယ်။ 

ကျောင်းသားလူငယ်တွေကို ဆေးကုသပေးရာမှာ လိုအပ်တဲ့ဆေးဝါးတွေကို Medical Team အဖွဲ့က ရန်ပုံငွေရဖို့ရှာဖွေကြသလို အများပြည်သူကလည်း ဆေးဝါးထောက်ပံ့ကူညီတာတွေ ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါကြားကာလပညာရေးကျောင်းမှာ မူလတန်းကျောင်းသား ၄၇ ဦး၊ ကျောင်းသူ ၆၀ ဦးနဲ့ အလယ် တန်း၊ အထက်တန်းကျောင်းသား ၃၂ ဦး ကျောင်းသူ ၄၂ ဦး စုစုပေါင်း ၁၈၁ ဦး ပညာသင်ကြား နေတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း 

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ရွာပေါင်းစုံ #သပိတ်ကော်မတီ #ကျန်းမာရေးစောင့်ရှောက်မှု #NUG #ကြားကာလ #ပညာရေးကျောင်း #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10