ရွာအပြင်မှာ ထောင်ထားတဲ့မိုင်းနင်းမိပြီး ပျူ ၁ ဦးသေ၊ ၁ ဦးလက်ပြတ်

ရွာအပြင်မှာ ထောင်ထားတဲ့မိုင်းနင်းမိပြီး ပျူ ၁ ဦးသေ၊ ၁ ဦးလက်ပြတ်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ယာကြီးပြင် ပျူစောထီးရွာအပြင်မှာ ထောင်ထားခဲ့တဲ့ နင်းမိုင်းကို ဇန်နဝါရီ ၃၀ ရက်က ပျူစောထီးတွေ ကင်းပတ်စဥ် နင်းမိခဲ့ရာ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိပ်ဖြူကျားဇိုးပြောက်ကျားထံက သိရပါတယ်။

ပေါက်မြိုနဲ့ ၃ မိုင်ကျော်အကွာရှိ ယာကြီးပြင်ရွာမှာ ပျူစောထီးအင်အား ၁၅ ဦးကျော်က မနက် ၁၀ နာရီခွဲခန့်မှာ ရွာအပြင်ပတ်လည်ကို ကင်းလှည့်ထွက်ချိန် ထောင်ထားတဲ့မိုင်းကို နင်းမိရာ ပျူစောထီး ၁ ဦးသေဆုံးပြီး ၁ ဦးလက်ပြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလိုတိုက်ခိုက်ရာမှာ ဆိပ်ဖြူကျားဇိုးပြောက်ကျားနဲ့ Big Wild Tiger ပြောက်ကျားခေါင်းဆောင် ရန်နိုင်တို့ ပူးပေါင်းတိုက်ခိုက်တာဖြစ်ပြီး နင်းမိုင်းထိလို့ သေဆုံးသွားတဲ့ ပျူစောထီးကို သင်္ဂြိုဟ်မယ့်နေ့နဲ့ဒဏ်ရာရသူရဲ့ အခြေအနေကို ဆက်လက်စုံစမ်းနေတယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက် မနက် ၇ နာရီအချိန်ခန့်ကလည်း သစ်ချိုကုန်းပျူစောထီးရွာအဝင် ကင်းစခန်းနဲ့ကိုက် ၃၀ ကျော်မှာလည်း နင်းမိုင်းထောင်ထားရာ ရွာအပြင်ထွက်လာတဲ့လှည်းက မိုင်းနင်းမိပြီး ပျူစောထီး ၁ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ပေါက် #ပျူစောထီးရွာ #နင်းမိုင်း #သေဆုံး #ပြောက်ကျားတပ်ဖွဲ့  #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10