သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်က ရွာတရွာမှာ မြေမြှုပ်မိုင်းနင်းမိလို့ စစ်ရှောင်အမျိုးသား ၁ ဦး ခြေကျင်းဝတ်ပြတ်သွားတယ်လို့ လက်ပံတန်းမြို့နယ်အခြေစိုက် ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံဆီက သိရပါတယ်။
လက်ပံတန်းမြို့နယ်၊ ထန်းပင်ချောင်ရွာက အသက် ၄၇ နှစ်အရွယ် ကိုကျော်စွာဟာ ဒီဇင်ဘာ ၅ ရက် မနက်အစောပိုင်း ၁ နာရီလောက်က စစ်ရှောင်တဲ့နေရာကနေ အိမ်ကိုခဏပြန်ချိန် ကျေးရွာအဝင်မှာပဲ မိုင်းနင်းမိတာလို့ ဆိုပါတယ်။
" **တွေထောင်ထားတဲ့မိုင်းနင်းမိပြီး ညာဘက်ခြေထောက်ခြေကျင်းဝတ်က ပြတ်သွားတယ်။ သူ့အိမ်ကို တိတ်တဆိတ်ပြန်ရင်းဖြစ်သွားတာ" လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ရဲဘော်ကိုအောင်က ပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေထောင်တဲ့မိုင်းတွေဟာ ကိုယ်တိုင်ခွဲမှကွဲတဲ့မိုင်းတွေဖြစ်ပြီး နင်းမိုင်းတွေကို စစ်ကောင်စီတပ်ကသာ အများဆုံးအသုံးပြုကြတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
မိုင်းနင်းမိတဲ့ ထန်းပင်ချောင်ရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ထက်ဝက်ကျော်ဟာ စစ်ရှောင်နေကြတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်ည ၉ နာရီလောက်ကလည်း လက်ပံတန်းမြို့နယ် ရေငံရွာက စစ်ရှောင်အသက် ၄၀ နှစ်ဝန်းကျင် ကိုအောင်မောင်း နေအိမ်ခဏပြန်ချိန် ရွာထိပ်အရောက်မှာ စစ်ကောင်စီတပ်က ထောင်တဲ့မိုင်းနင်းမိကာ ခြေထောက်ပြတ်ခဲ့ပြီး ဆေးကုခွင့်ကိုပါ ပိတ်ခဲ့လို့ အသက်ဆုံးရှုံးခဲ့ရပါသေးတယ်။
နိုဝင်ဘာ ၂၂ ရက်မွန်းလွဲပိုင်းကလည်း ကြို့ပင်ကောက်မြို့နယ် ဥယာဉ်ကြီးအုပ်စု အေးရွာလေးရွာ ဗျူဟာလမ်းမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့မြေမြှုပ်မိုင်း ၂ လုံးကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ YOMA GBK PDF ကတွေ့ရှိဖော်ယူခဲ့သလို လက်ကျန်မိုင်း ၂၀ ထက်မနည်းကိုလည်း ဖော်ယူခဲ့ကြပါတယ်။
အဲဒီလဆန်းပိုင်းမှာပဲ ကြို့ပင်ကောက်မြို့နယ် ဂမုန်းဆည်ပေါ်နဲ့ ဆည်အောက်ခြေမှာ စစ်ကောင်စီတပ်ကထောင်တဲ့မြေမြုပ်မိုင်းနင်းမိပြီး ဝိုင်း၊ ကန့်နီနဲ့ ညောင်ပင်အိုင်ရွာတွေက နွား ၃ ကောင် သေဆုံးခဲ့တယ်လို့ အဲဒီတပ်ခွဲမှူးကိုကရင်လေးက ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃ ရက်ကလည်း နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်အထက် ကုန်းသာအုပ်စု၊ လေးအိမ်တန်းရွာက လူငယ်အမျိုးသား ၁ ဦး သူ့ရွာအနီးနွားကျောင်းနေချိန် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့ပါသေးတယ်။
အပြည်ပြည်ဆိုင်ရာမြေမြှုပ်မိုင်းပိတ်ပင်တားဆီးရေးလူပ်ရှားမှုအဖွဲ့(ICBL)က အခုနှစ် နိုဝင်ဘာ ၂၀ ရက်ထုတ် အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာမှာမြေမြှုပ်မိုင်းကြောင့်ထိခိုက်သေဆုံးသူ အများဆုံးဖြစ်လာခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း လူပေါင်း ၁,၀၀၃ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စာတည်း - ဈာန်မြင့်
#မြေလတ်အသံ
#ပဲခူး #လက်ပံတန်း #မြေမြှုပ်မိုင်း #စစ်ရှောင် #ခြေကျင်းဝတ်ပြတ်
Share Share Share