ရွှေကျင်ရှိ စစ်ကောင်စီရဲ့ ကွန်ဖဲ့စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်

ရွှေကျင်ရှိ စစ်ကောင်စီရဲ့ ကွန်ဖဲ့စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကွန်ဖဲ့ရွာအနီးရှိ စစ်တပ်စခန်းတခုကို သွားရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မရှိတော့ဘဲ စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ ဗမာပြည်သူ့လွတ် မြောက်ရေးတပ်တော် BPLA တပ်ဖွဲ့ရဲ့ ဒီဇင်ဘာ ၁၂ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီဇင်ဘာ ၁၀ ရက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် BPLA နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင်တွေက စစ်ကောင်စီရဲ့ ကွန်ဖဲ့ အထိုင်စခန်းကို နယ်မြေရှင်း လင်းရေး ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

 

"စစ်သားတွေထွက်ပြေးသွားတော့ လက်နက်ခဲယမ်းက မရလိုက်ပါဘူး။ ရိက္ခာနဲ့ စခန်းကုန်းကိုပဲ ရရှိခဲ့ပါတယ်" လို့ BPLA တပ်ဖွဲ့သတင်းတာဝန်ခံ ကိုလင်းလင်းက ပြောပါတယ်။

 

ကွန်ဖဲ့စစ်တပ်ခန်းက ကျန်ရှိနေတဲ့ အသုံး အဆောင်ပစ္စည်း၊ စက်ပစ္စည်း၊ ရိက္ခာနဲ့ စခန်းကုန်းကို အဓိကရခဲ့သလို ဆန်၊ ဆီ၊ ဆား အစရှိတဲ့ စားသောက်ကုန်တွေကို စခန်းအနီးဝန်းကျင်က ပြည်သူတွေကို မျှဝေပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

 

 

အဲ့ဒီနောက် မဟာမိတ်ပူးပေါင်းအဖွဲ့က စခန်းအတွင်း မိုင်းရှင်းလင်းတာ၊ နယ်မြေရှင်းလင်းတာပြုလုပ်ပြီး အဆောက်အဦးနဲ့ဘန်ကာတွေကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

 

ပုံစာ-ဒီဇင်ဘာ ၁၀ ရက်က ကွန်ဖဲ့စခန်းနယ်မြေရှင်းလင်းနေစဥ်။

 

စာတည်း-လင်းဇေ

 

#မြေလတ်အသံ

#ပဲခူးတိုင်း #ရွှေကျင်မြို့နယ် #ကွန်ဖဲ့ရွာ #စစ်တပ်စခန်း #စစ်ကောင်စီ #ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် #BPLA

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10