ရွှေညာမြေ (ရုပ်/သံ)

လက်နက်ကိုင် တော်လှန်ရေးအစမှာ ဒေသကာကွယ်ရေးအဖွဲ့တခုအနေနဲ့ ရပ်တည်ခဲ့တဲ့ ရွှေညာမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ အခုတော့ ပခုက္ကူပကဖအဖွဲ့တခုအနေနဲ့ ရပ်တည်နေပါပြီ။

ပခုက္ကူမြို့နယ်မှာ အခြေစိုက်ထားတဲ့ ရွှေညာမြေအဖွဲ့ဟာ ၂၀၂၂ ခုနှစ် ၅ လပိုင်းမှာ အဖွဲ့ကို စတင်တည်ထောင်ခဲ့ပြီး ကိုယ်တိုင် လက်လုပ်လက်နက်အချို့ထုတ်လုပ်ကာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲရင်ဆိုင်လာခဲ့ကြတာပါ။ 

၆၀ မမ၊ တတောင့်ထိုး 5.56 သေနတ်၊ RC plane စတာတွေကို ထုတ်လုပ်ထားပြီး တလကို ၂ ကြိမ်လောက် စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲရင်ဆိုင်နေရပြီး အနည်းဆုံး တိုက်ပွဲပေါင်း ၄၀ လောက် တိုက်ခဲ့ပြီးဖြစ်တယ်လို့ ရွှေညာမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

တော်လှန်ကာလ ၃ နှစ်နီးပါး ကြာလာတဲ့နောက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့အများစုဟာ ထိုးစစ်ဆင်တိုက်ပွဲတွေ စခန်းတိုက်ပွဲတွေ ဆက်တိုက်ဖော်ဆောင်လာတဲ့အချိန်မှာ ရွှေညာမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့လည်း တိုက်ပွဲတွေဖော်ဆောင်ဖို့ လိုအပ်လာပါပြီ။

အရင်က ရှေ့တန်းထွက်ရင် လက်နက်ပြည့်စုံမှုမရှိလို့ လက်လုပ်သေနတ်ကိုယ်စီနဲ့ တိုက်ပွဲဝင်ခဲ့ရတာတွေရှိခဲ့တဲ့အတွက် ရဲဘော်တွေ ထိခိုက်သေဆုံးတာတွေရှိခဲ့လို့ မျှော်မှန်းထားသလောက် တိုက်ပွဲမဖော်ဆောင်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရွှေညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က "အညာကိုလှူ အောင်ပွဲယူစို့" ဆိုတဲ့ ကျပ်သိန်း ၅၀၀ ကမ်ပိန်းကို သြဂုတ်လ ၂၅ ရက်မှာ ပိတ်ဖို့စီစဥ်ထားပေမယ့် လက်မှတ်စောင်ရေ ၃၄ ရာခိုင်နှုန်းပဲ ရောင်းရသေးလို့ စက်တင်ဘာ ၇ ရက်အထိ ထပ်တိုးထားတယ်လို့သိရပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ရွှေညာမြေ #ကမ်ပိန်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10