ရွှေညာမြေတပ်ဖွဲ့က ကမ်ပိန်းရငွေနဲ့ မောင်းပြန်သေနတ် ၁ လက်ဝယ်ယူ

ရွှေညာမြေတပ်ဖွဲ့က ကမ်ပိန်းရငွေနဲ့ မောင်းပြန်သေနတ် ၁ လက်ဝယ်ယူ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် ရွှေညာမြေအဖွဲ့က လိုအပ်နေတဲ့ မောင်းပြန် သေနတ်တလက်ကို နိုဝင်ဘာ ၂၂ ရက်က ဝယ်ယူနိုင်ခဲ့တယ်လို့ ရွှေညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီတပ်ဖွဲ့က "အညာကိုလှူ အောင်ပွဲယူစို့" ဆိုတဲ့ ကျပ်သိန်း ၅၀၀ ကမ်ပိန်းကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်မှာ ပြုလုပ်ပြီးစီးခဲ့ရာမှ ရရှိလာတဲ့ငွေနဲ့ မောင်းပြန်သေနတ်ကို ဝယ်လိုက်ရတာလို့ ဆိုပါတယ်။

"စခန်းသိမ်း တိုက်ပွဲတွေစလာပြီဆိုတော့ လက်လုပ်သေနတ်နဲ့က ရင်ဆိုင်တိုက်ဖို့ မလွယ်ပါဘူး။ မောင်းပြန်သေနတ် လိုအပ်နေလို့ ဝယ်လိုက်ရတာပါ" လို့ တပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

အခုဝယ်ယူလိုက်တဲ့သေနတ်မှာ M16 A2 သေနတ်ကို 5.56 နေတိုးကျည်ဆံနဲ့ အသုံးပြုရသလို ကျည်ဘောက် ၁ ခု၊ ကျည်ဆန်အတောင့် ၂၀ ပါရှိပြီး တန်ဖိုးငွေသိန်း ၂၄၀ ကျပ် ကုန်ကျတယ်လို့ သူက ဆက်ပြောပါတယ်။

ရွှေညာမြေအဖွဲ့ဟာ ကိုယ်တိုင် လက်လုပ်လက်နက်အချို့ ထုတ်လုပ်ပြီး လက်နက်ပြည့်စုံမှု မရှိလို့ လက်လုပ် သေနတ်ကိုယ်စီနဲ့ တိုက်ပွဲဝင်ခဲ့ရတာတွေရှိကာ ရဲဘော်တွေ ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုလို မောင်းပြန်သေနတ်တွေနဲ့ တပ်ဖွဲ့ဝင်တွေ တိုက်ပွဲဝင်မယ်ဆိုရင်တော့ ပြည်သူလူထုမျှော်လင့်နေတဲ့ အောင်ပွဲတွေ စခန်းသိမ်းတိုက်ပွဲတွေအတွက် လေ့ကျင်ပြင်ဆင်နေတယ်လို့သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူမြို့နယ်# ရွှေညာမြေအဖွဲ့ #မောင်းပြန်သေနတ် #ကမ်ပိန်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10