ရွှေတောင်က စစ်ကောင်စီဂိတ် ဗုံးခွဲခံရလို့ တပ်သား ၁ ဦးသေဆုံး

ရွှေတောင်က စစ်ကောင်စီဂိတ် ဗုံးခွဲခံရလို့ တပ်သား ၁ ဦးသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ရွှေတောင်မြို့နယ်ထဲက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာလ ၂၇ ရက်ဒီမနက် ၉ နာရီခွဲလောက်က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ Bago Regin PDF က သတင်းထုတ်ပြန်ထားပါတယ်။

ရွှေတောင်မြို့နယ်၊ ရှားတိုင်းအုပ်စု၊ ပွဲသာရွာထိပ်က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြည်ခရိုင်တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၅ နွေဦးအဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"ပွဲသာရွာထိပ်က ဆိုင်ကယ်စစ်တဲ့ ရဲလေးယောက်ကို ဗုံးခွဲလိုက်တယ်။ ဗုံး၂ လုံးနဲ့ခွဲလိုက်တာ။ သေဆုံးတယ်လည်းကြားတယ်၊ တော်လှန်ရေးရဲဘော်တွေကတော့ အန္တရာယ်ကင်းတယ်"လို့ နွေဦးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ကတပ်သားတွေဟာ ပြည်သူတွေအပေါ်ဆိုင်ကယ်ဖမ်း စစ်ဆေးတာ၊ ငွေတောင်းခံတာ၊ မပေးနိုင်ပါက ဆိုင်ကယ်ကိုသိမ်းဆည်းတဲ့အပြင် လူကိုပါထောင်ချတာတွေကို ပြုလုပ်နေတာကြောင့် ခုလိုတိုက်ခိုက်ခဲ့တာလို့လည်း ဆိုထားပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ပြီး၊ အဲ့ဒီအလောင်းကိုမသယ်သွားခင်မှာ ဂိတ်ထဲကနေ စစ်သားတွေက လက်နက်တွေနဲ့ရမ်းသမ်းပစ်ခတ်တာတွေလုပ်ဆောင်ခဲ့သေးတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီသေဆုံးမှုနဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

အလားတူဒီဇင်ဘာလ ၂၇ ရက်ဒီမနက် ၁၀ နာရီခွဲဝန်းကျင်ကလည်း ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ဖိုးခေါင်လမ်းမ စိန်သဇင်စက်သုံးဆီအရောင်းဆိုင်အနီးမှာ ဆိုင်ကယ်ဖမ်းပြန်လာတဲ့ ရဲကား ၂ စီးကို သာယာဝတီဂဠုန်တပ်ဖွဲ့က အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10