ရွှေထည်ပစ္စည်းတွေနဲ့ ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား ၁ ဦးကို အရှင်ဖမ်းမိထား (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရွာကထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကနေ ထွက်ပြေးလာတဲ့ တပ်သားတယောက်ကို ရွှေထည်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)တပ်ဖွဲ့ဆီက သိရပါတယ်။

ပေါက်-ပခုက္ကူကားလမ်းမပေါ်မှာ ကား ၈၆ စီးပါယာဉ်တန်းနဲ့ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သား ၁ ဦးဟာ အရပ်ဝတ်နဲ့ ထွက်ပြေးလာချိန် ကင်းပုန်းဝပ်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တိုးကာ နိုင်ဝင်ဘာ ၉ ရက်မှာ ဖမ်းဆီးခံလိုက်ရတာလို့ PDA ပြန်ကြားရေးတာဝန်ခံတဦးက ဆိုပါတယ်။

အရှင်ဖမ်းဆီးရမိတဲ့သူဟာ နိုဝင်ဘာ ၈ ရက်ကတည်းက အဲ့ဒီစစ်ကြောင်းကနေ ထွက်ပြေးလာပြီး တောထဲမှာ တညအိပ်ခဲ့ကြောင်း နောက်နေ့မနက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တိုးပြီး အဖမ်းခံရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

သူ့ဆီကနေ ရွှေဆွဲကြိုး ၂ ကုံး၊ လက်ကောက် ၄ ကွင်း၊ ဖုန်း ၁ လုံး၊ ဖုန်းအားသွင်းကြိုး၊ ပါဝါဘန့် ၁ လုံး၊ ကွမ်းအစ် ၊ ရေဗူး ၁ ဗူး သိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကာကွယ်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၉ ရက် ညနေ ၄ နာရီလောက်မှာ အဲဒီယာဉ်တန်းကိုပဲ Drone နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို မိုင်းဆွဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့လို့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပြီး ရေပြာရွာနဲ့ ကမ္မမြို့လမ်းကြားမှာရှိတဲ့ တာကြီးတောင် ရေနံမှော်ကို ပြန်လည်ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ဒီမိုကရက်ကတစ်တပ်တော်(PDA)၊ အနောက်လွင်ပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (WPF)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ပေါက်မြို့နယ် ပကဖနဲ့ မြိုင်မြို့နယ် ပကဖတို့ပူးပေါင်းတိုက်ခိုက်ခဲ့ ကြတာပါ။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရုပ်သံသတင်း #မြေလတ်သတင်း #မကွေးတိုင်း #ပေါက်မြို့နယ် #ပခုက္ကူမြို့နယ် #စစ်ကောင်စီ #တပ်ပြေး #ရွှေထည်ပစ္စည်း #ဖမ်းဆီးရမိ #PDA

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10