ရွှေဘိုကဘဏ်တခုမှာ လုံခြုံရေးစောင့်နေတဲ့စစ်သားတွေ ဗုံးခွဲတိုက်ခိုက်ခံရ

ရွှေဘိုကဘဏ်တခုမှာ လုံခြုံရေးစောင့်နေတဲ့စစ်သားတွေ ဗုံးခွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်က ဧရာဝတီဘဏ်ကိုစောင့်နေတဲ့ စစ်သားတွေကို ဒီဇင်ဘာလ ၁၉ ရက် ဒီနေ့ညနေပိုင်းမှာလက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့ Burma Rangers - ShweBo က သတင်းထုတ်ပြန်ထားပါတယ်။

ရွှေဘိုမြို့၊ လမ်းမတော်‌အရှေ့ဘက်ရှိ ချမ်းသာကြီးဘုရားအနီးက ဧရာဝတီဘဏ်မှာစောင့်နေတဲ့စစ်သားတွေကို ဒီညနေ ၆ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

"အဲဒီဘဏ်မှာလုံခြုံရေးယူထားတာက ပုံမှန်ကတော့ ၇ ယောက်လောက်ရှိမယ်။ ဘယ်တပ်ကဆိုတာတော့ မသိရဘူး။ ဘဏ်ရှေ့မှာဘန်ကာလုပ်ထားပါတယ်၊ ဘဏ်ကာရဲ့နောက်ကျောဘက်ကိုကျပီးကွဲတယ်။ စစ်သားတွေ သေဖို့ရာခိုင်နှုန်းများပါတယ်" လို့ Burma Rangers အဖွဲ့တာဝန်ခံ ဗိုလ်အေဒီက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ထိခိုက်သေဆုံးစာရင်းကိုစုံစမ်းဆဲဖြစ်ပြီး၊ တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သူတို့အဖွဲ့ဟာ ဒီဇင်ဘာလ ၁၆ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းကနေ ရွှေဘိုမြို့ကိုလာတဲ့စစ်ကောင်စီ Klugar ကားကို ကျောက်မြောင်းလမ်းမပေါ် ‌က အုံးပေါက်ကျေးရွာအနောက်ဖက်မှာ ပဒေသာမိုင်း ၈ လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10