ရွှေဘိုက စစ်ကောင်စီတပ်စွဲတဲ့ ကူးတို့ဆိပ်ရွာကို PDF က တိုက်ခိုက်ပြီး ကျေးရွာကိုပါ မီးရှို့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က စစ်ကောင်စီတပ်စွဲထားတဲ့ ကူးတို့ဆိပ်ကျေးရွာကို သြဂုတ် ၁၁ ရက် မနက် ၆ နာရီ မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးတဦးကို အရှင်ဖမ်းမိခဲ့ကာ တရွာလုံးနီးပါးကို မီးရှို့နိုင်ခဲ့တယ်လို့ Bagan Ogre Force က ပြောပါတယ်။

စစ်ကောင်စီတပ်အင်အား ၅၀ ကျော်တပ်စွဲထားသလို တရွာလုံးကလည်း ပျူစောထီးတွေဖြစ်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ယုံကြည်ထားတာကြောင့် ကူးတို့ဆိပ်ရွာကို PDF ၁၀ ဖွဲ့နဲ့  ၅ နာရီကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီး ရွာကိုမီးရှို့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

"ကျနော်တို့တိုက်ခိုက်ချိန် ၂ နာရီအကြာ အရောက်မှာ ရွာကိုစိုးမိုးနိုင်လာတယ်ဗျ။ အဲ့အချိန်မှာ စကစဘက်က စစ်ကူတွေ ရောက်လာတယ်။ အဲ့စစ်ကူတွေနဲ့ တခြားတရွာကိုဆုတ်ပြီးတော့ ပြန်ပစ်တယ်ဗျ။ ကျနော်တို့က ကျည်အင်အား မလုံလောက်တော့ ပြန်ဆုတ်လာရတယ်။ ဒါပေမဲ့ အဲ့ပျူရွာကို ၈၀ ရာခိုင်နှုန်းအထိ မီးရှို့နိုင်ခဲ့တယ်"လို့ BAGAN OGRE FORCE (ပုဂံပြည်ဘီလူးတပ်) မှ ပြန်ကြားရေးတာဝန်ခံ ကိုဇီးကွက် က ပြောပါတယ်။

တိုက်ခိုက်နေချိန်အတွင်း ပျူစောထီးအမျိုးသားတဦးမှာ ပြန်မဆုတ်ပဲခံပစ်နေရာ ကျည်ကုန်သွားတာကြောင့် အရှင်ဖမ်းမိခဲ့သလို PDF တွေက နေအိမ်တွေကို မီးရှို့နေချိန် မပြေးနိုင်ဘဲ နေအိမ်မှာ ပိတ်ကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေကို မသတ်ဘဲ အပြင်နေရာတွေကို ပြောင်းရွေ့ပေးခဲ့ရတယ်လို့လည်း ကိုဇီးကွက်က ပြောပါတယ်။

လက်ရှိမှာ လက်နက်နဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့ ပျူစောထီးအမျိုးသားကို နယ်မြေခံပကဖတွေက စစ်ဆေးမေးမြန်းနေသေးတာကြောင့် ၎င်းရဲ့ အသေးစိတ်အချက်အလက်တွေကို ပြောဆိုခွင့် မရှိသေးဘူးလို့ သူကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ အဖြူရောင် D.PY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပုဂံပြည်ဘီလူးတပ်၊ ညောင်ဦးခရိုင် တပ်ရင်း (၅)/ တပ်ခွဲ ၂ (ရဲဘော်ညီနောင်)၊ နယ်စည်းမခြား ဖရီးဒမ်းဖတ်ဒရယ်စစ်ကြောင်း (၁) ရန်ကြီးအောင် PDF၊ A2k ပကဖ၊ ပေါင်ချိန် ပကဖ၊ ဆင်အင်း ပကဖ၊ မအူပင် ပကဖ၊ ရွှေဘိုခရိုင်တပ်ရင်း (၂ဝ)၊ ဝံပုလွေ Drone အဖွဲ့ ကြားဖြူစစ်ကြောင်း တပ်ခွဲ (၇)၊ Khin U Local Brother Group အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - လင်းဇေ၊ တည်းဖြတ် - ငြိမ်းဇော် 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့နယ် #စစ်ကောင်စီ #ကူးတို့ဆိပ်ကျေးရွာ #ပုဂံပြည်ဘီလူးတပ် #ပျူစောထီး #သတင်းရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10