ရွှေဘိုက ပျူစခန်းစသိမ်းတိုက်ပွဲမှာ ပျူ၃ဦးသေပြီး ၆၀ဦးဖမ်းမိ

ရွှေဘိုက ပျူစခန်းစသိမ်းတိုက်ပွဲမှာ ပျူ၃ဦးသေပြီး ၆၀ဦးဖမ်းမိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာရှိ ပျူစောထီး အထိုင်စခန်းကို ဒီဇင်ဘာ ၂၄ ရက်က ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ပျူစောထီး ၃ဦး သေဆုံးပြီး ၆၀ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရွှေဘို ခရိုင်အမှတ် ၁၈ တပ်ရင်းဆီက သိရပါတယ်။

မြင်းချင်းကျေးရွာရှိ ပျူစောထီးစခန်းကို မနက် ၃ နာရီအချိန်မှာ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက စတင်တိုက်ခိုက်ခဲ့ရာ နံနက် ၅ နာရီအချိန်မှာ စခန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ 

"တိုက်ခိုက်တာ ၁ နာရီကျော်ကြာတယ်။ ၃ ဦးသေတယ်။ လက်နက် ၆ လက်ပါရတယ်။ ဖမ်းဆီးမိတဲ့သူတွေလည်းရှိတယ်" လို့ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း၊ တပ်ထောက်တာဝန်ခံ နေမျိုးပဲခူးက ပြောပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ ရဲတပ်သား ၁ ဦး၊ ပျူစောထီးလက်နက်ကိုင် ၂ ဦးသေဆုံးပြီး  တလုံးထိုးသေနတ် (၉ လုံးကျည်သုံး) ၅ လက်၊ ကာဘိုင် ၁ လက် စုစုပေါင်း လက်နက်ငယ် ၆ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်သုံ့ပန်းအဖြစ် ပျူစောထီး အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၃၁ ဦးတို့ကိုလည်း အရှင်ဖမ်းဆီးရမိကာ စစ်သုံ့ပန်းမူဝါဒနဲ့အညီ ထိန်းသိမ်းထားပြီး ပျူစောထီးအဖြစ်အတင်း အဓမ္မ စုဆောင်းခံရသူများနဲ့ သာမန်အရပ်သားများကို စနစ်တကျ စီစစ်ခွဲခြားကာ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ ရွှေဘိုခရိုင်အမှတ် - ၂၆ တပ်ရင်း MDF - Shwebo၊ ရွှေဘိုခရိုင်အမှတ် - ၁၅ တပ်ရင်း၊ ရွှေဘိုခရိုင်အမှတ် - ၁၇ တပ်ရင်း၊ ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်းနဲ့ တပ်ခွဲ ၁ ကြောင်လက်သည်း၊ တပ်ခွဲ ၂ ဝက်လက်မင်းသားကြီး၊ တပ်ခွဲ ၃ FingersThree ၊ တပ်ခွဲ ၄ ကျားလေး၊ တပ်ခွဲ ၅ အင်းဘဲ၊ တပ်ခွဲ ၆ ဝက်လက် မီးတောက်အဖွဲ့နဲ့ နယ်မြေခံ ပကဖတပ်ဖွဲ့တွေက ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘို #ပျူရွာစခန်း #တိုက်ခိုက်သိမ်းပိုက် #PDFတပ်ဖွဲ့ #သေဆုံး #လက်နက်သိမ်းဆည်း #ဖမ်းဆီးရမိ #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10