ရွှေဘိုခရိုင်တပ်ရင်းက ကျဆုံးရဲဘော်ရဲ့ရုပ်အလောင်းကို မီးသင်္ဂြိုဟ်

ရွှေဘိုခရိုင်တပ်ရင်းက ကျဆုံးရဲဘော်ရဲ့ရုပ်အလောင်းကို မီးသင်္ဂြိုဟ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်တပ်ရင်း ၂၄ မှာ တော်လှန်ရေးတာဝန်ထမ်းဆောင်းရင်း တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်ရုပ်အလောင်းကို တပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီလ ၂၄ ရက်မှာ ကောင်းမွန်စွာ မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၂၄ ဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက်က ကလေးဝမြို့နယ်၊ ဆင်အိုင်မ ပျူစောထီးရွာတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ရဲဘော် အောင်တေဇာထွန်း(ခ)စိုင်းခမ်းရဲ့ အလောင်းကို မီးသင်္ဂြိုဟ်ခဲ့တာလို့ ဆိုပါတယ်။

 

"ကျောင်းတက်နေရင်း ဇာတိမပြန်ဘဲ တော်လှန်ရေးထဲရောက်လာတဲ့ ကျောင်းသားတဦးပါ။ ဝမ်းဗိုက်ကျည်မှန်ပြီးတော့ ရှေ့တန်းမှာကျဆုံးခဲ့ရတယ်။ ရဲဘော်အတွက် ကုသိုလ်ကောင်းမှုလည်း လုပ်မှာပါ" လို့ ရွှေဘိုခရိုင်တပ်ရင်း ၂၄ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

 

ကျဆုံးရဲဘော် စိုင်းခမ်းဟာ ကချင်ပြည်နယ်၊ တာမခံမြို့သစ် ဇာတိသားဖြစ်ပြီး University of Forenge Language - UFL  နိုင်ငံခြားဘာသာတက္ကသိုလ်ကျောင်းသားတဦးဖြစ်ပါတယ်။

 

အလောင်းကို ရွှေဘိုမြို့နယ်တနေရာမှာ ခရိုင်တပ်ရင်း၊ တပ်ဖွဲ့ဝင်တွေ၊ နယ်မြေခံ ပကဖ၊ PDF တပ်ရင်း တာဝန်ရှိသူတွေနဲ့အတူ မိသားစုဝင်တွေက လိုက်ပါပို့ဆောင်ပြီး တပ်ရင်းမှူးကိုယ်တိုင် အမိန့်ပြန်တမ်းစာ ဖတ်ကြားပြီးနောက် မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

 

ကျန်ရစ်သူမိသားစုတွေကိုလည်း တပ်ရင်းအနေနဲ့ကူညီထောက်ပံ့ပေးမှာဖြစ်သလို ရက်လည်ဆွမ်းသွပ်နဲ့ ကုသိုလ်ကောင်းမှုတွေလည်း ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

 

 

စာတည်း - လင်း

 

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #ကလေးဝ #ကျဆုံးရဲဘော် #မီးသင်္ဂြိုဟ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10