ရွှေဘိုခရိုင်ထဲက မီးရှို့ခံရတဲ့ ကျေးရွာတရွာကို S&C က ဆန်ဆီဆား‌တွေ လှူဒါန်း

ရွှေဘိုခရိုင်ထဲက မီးရှို့ခံရတဲ့ ကျေးရွာတရွာကို S&C က ဆန်ဆီဆား‌တွေ လှူဒါန်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း မီးရှို့ခံရတဲ့ ကျေးရွာ ၁ ရွာကို S&C မီးဘေး၊ စစ်ဘေး၊ ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က ဆန်ဆီဆား‌တွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၁၇ ရက် မနေ့က နေ့လယ် ၁၁ နာရီလောက်မှာ ရွှေဘိုခရိုင်ထဲက မီးရှို့ခံရတဲ့ အိမ်ထောင်စု ၁၄၅ စု အတွက် S&C အဖွဲ့က နေ့လယ် ၁ နာရီအထိ မျှဝေ လှူဒါန်းခဲ့တယ်လို့ တာဝန်ခံတဦးက ပြောပါတယ်။

"အညာမှာ နေရေးထိုင်ရေး စားရေးသောက်ရေးက အဆင်မပြေကြတော့ ခုလိုကူညီရတာဗျ။ သွား‌ရောက် လှုဒါန်းတဲ့အချိန်မှာလည်း အခက်အခဲတွေကတော့ အများကြီးပေါ့။ သယ်ယူပို့ဆောင်ရေးက အစပေါ့။ အခုလိုဆန်ဆီဆား သွားလှူတာက ပထမအကြိမ်ပါ" လို့ ဆိုပါတယ်။

အဲဒီအဖွဲ့အနေနဲ့ ဧပြီလပိုင်းထဲမှာ မီးဘေးရှောင်နေရတဲ့ အိမ်ထောင်စု 5000 ပြည့်မှီအောင် လှူဒါန်းဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။

"နောက်ထပ်လှူဖို့ ရှိပါတယ်။ ပဇီကြီးကို သိန်း 150 ဖိုးလောက်လှူဖို့ စီစဥ်နေပါတယ်။ ဒီ  ၄ လပိုင်းထဲမှာ ထပ်မံလှူဒါန်းသွားဖို့ရှိပါသေးတယ်။ ရွှေဘိုခရိုင်ထဲမှာ မီးဘေး၊ စစ်ဘေးရှောင်နေရတဲ့ ကျေးရွာ ၄၀ ကျော် ရှိပါတယ်" လို့ S&C ကူညီစောင့်ရှောက်သူက ဆက်ပြောပါတယ်။

၂၀၂၃ ခုနှစ်အတွင်းမှာ S&C မီးဘေးစစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က မြို့နယ် ၆ မြို့နယ်၊ ကျေးရွာ ၃၄ ရွာ၊ အိမ်ထောင်စု စုစုပေါင်း ၁၂၈၉ စုအတွက် ဆန်ဆီဆား များ ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ရေးသားထားပါ‌တယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10