ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်းဆီ ရဲတပ်သားတဦး အလင်းဝင်လာ

ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်းဆီ ရဲတပ်သားတဦး အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်းဆီကို နိုဝင်ဘာ ၉ ရက်မှာ ရဲတပ်သားတဦး လက်နက်နဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ အဲ့ဒီအဖွဲ့ရဲ့ တပ်ရင်းမှူးဆီက သိရပါတယ်။ 

တန့်ဆည်မြို့နယ်၊ ကံထူးမနယ်မြေရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား ဝေဖြိုးကျော်ဖြစ်ပြီး သူ့ရဲ့ကင်းချိန်အရောက်မှာ G4 သေနတ် ၁ လက်၊ ကျည် ၂၀၀ ကိုယူပြီး အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။  

“ကျနော်တို့ဆီ လက်နက်နဲ့ အလင်းဝင်လာတာဆိုရင် သူတယောက်တည်းဘဲ ရှိပါသေးတယ်။ သူ့အတွက် ဆုကြေးငွေတွေကိုလည်း ပေးဆောင်သွားဖို့ရှိပါတယ်။ ကျနော်တို့ မကြာခင်ထုတ်ပြန်သွားမှာပါ ” လို့ ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်းမှူး ကိုဇွဲက ပြောပါတယ်။ 

အဆိုပါ ရဲတပ်သားကို ကာကွယ်ရေးတပ်ဖွဲ့တွေက စည်းမျဥ်းစည်းကမ်းတွေနဲ့အညီ စစ်ဆေးမေးမြန်းပြီးမှ စခန်းထဲကို ခေါ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ကာကွယ်ရေးရဲဘော်တွေနဲ့အတူ နေထိုင်နေကာ ရှေ့ဆက်ဘာလုပ်ချင်လဲဆိုတာကိုတော့ မေးမြန်းနေဆဲဖြစ်တယ်လို့ ကိုဇွဲက ပြောပါတယ်။ 

“သူ့ရဲ့ စိတ်သဘောဆန္ဒကိုတော့ မေးမြန်းနေတုန်းပါ။ သူဖြစ်ချင်တာကို ကျနော်တို့ ပြည်သူ့ကာကွယ် ရေးတပ်မတော်ဘက်ကနေပြီးတော့ လုပ်ပေးသွားဖို့ရှိပါတယ်။ တကယ်လို့ သူ့ဆန္ဒက တိုက်ချင်တယ်ဆိုလည်း အဆင်သင့်ပါပဲ။ သူဆန္ဒက တခြားဆန္ဒရှိတယ်ဆိုလည်း ကျနော်တို့က တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးဖို့အတွက် ရှိပါတယ်” လို့ တပ်ရင်းမှူး ကိုဇွဲက ဆက်ပြောပါတယ်။

ကျန်ရှိနေတဲ့ စစ်ကောင်စီအဖွဲ့တွေ အနေနဲ့လည်း ပြည်သူနဲ့အမြန်ဆုံးပူးပေါင်းဖို့ ကိုဇွဲက တိုက်တွန်းထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ရွှေဘို #ရွှေဘိုခရိုင်အမှတ်၁၄ #ရဲတပ်သား #အလင်းဝင် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10