ရွှေဘိုနယ်မှာ စစ်ကောင်စီယာဥ်တန်းနဲ့ ကင်းပုန်းအဖွဲ့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဆက်တိုက် တိုက်ခိုက်

ရွှေဘိုနယ်မှာ စစ်ကောင်စီယာဥ်တန်းနဲ့ ကင်းပုန်းအဖွဲ့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဆက်တိုက် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ပြီး‌နောက် ကင်းပုန်းဝပ်ဖို့ထပ်မံလာသူတွေကိုပါ တိုက်ခိုက်ခဲ့တယ်လို့ X Force - LPDF (ShweBo) တပ်ဖွဲ့ထံက သိရပါတယ်။

ဇူလိုင် ၈ ရက်နေ့က ကျောက်မြောင်းမြို့နယ်ဘက်မှ ရွှေဘိုမြို့နယ်ဘက်သို့ စစ်ကြောင်းထွက်လာတဲ့ ၁၂ ဘီးယာဥ်တန်းကို၊ ရွှေဘိုမြိုနဲ့ ၇ မိုင်ခန့်အကွာမှာရှိတဲ့ တအုံကျေးရွာအရှေ့ဘက်မှာ မိုင်း ၃ လုံးတွဲနှစ်ပွိုင့်ခွဲကာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ နေ့လယ် ၁ နာရီဝန်းကျင်မှာပဲ စစ်ကားယာဥ်တန်းအပြန်ကို ကင်းပုန်းဝပ်ပေးဖို့ ထွက်လာတဲ့ စစ်သား ၄ ဦးကိုလည်း၊ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ X Force-LPDF (Shwebo) တပ်ဖွဲ့သတင်းတာဝန်ခံ ရဲဘော် Root ကပြောပါတယ်။

" စစ်ယာဥ်တန်းကားကို မိုင်းနှစ်နေရာခွဲဆွဲတော့ ကားပေါ်ကပစ်လို့ ပြန်ဆုတ်လိုက်ရတယ်။ ကားဘယ်နှစ်စီးလည်း မသိလိုက်ပါဘူး။ အဲ့ယာဥ်တန်းပြန်အလာကို တအုံရွာနားက ကင်းပုန်းဝပ်ဖို့ထွက်လာတဲ့ စစ်သား ၄ ကောင်ကိုသေနတ်နဲ့ပစ်ခဲ့ကြတယ်" လို့ရဲဘော် Root ကပြောပါတယ်။

အခုလိုစစ်ကောင်စီတပ်ကိုတိုက်ခိုက်ရာမှာ ပျက်စီးတာနဲ့ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ယခု တိုက်ခိုက်မှုအား X Force - LPDF(Shwebo) နဲ့အတူ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ရွှေဘိုမြို့နယ် ပကဖ-PDO၊ ရွှေတောသားအဖွဲ့၊ ရွှေဘိုဓူဝံ-PLA၊ Burma Rangers တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်ကလည်း၊ ရွှေဘိုမြို့နယ်၊ ကော့ကျေးရွာအနီးမှာ PDF ရဲဘော်တဦးနဲ့၊ အရပ်သားပြည်သူတဦးကို စစ်ကောင်စီကသတ်ဖြတ်ပြီး စွန့်ပစ်ထားခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ဇူလိုင် ၈ ရက် နေ့လယ်တွင် စစ်ကောင်စီကင်းပုန်းအဖွဲ့အား တိုက်ခိုက်ရန်ပြင်ဆင်နေစဉ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘို #စစ်ကောင်စီယာဉ်တန်း #မိုင်းဆွဲတိုက်ခိုက် #PDF #ပကဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10