ရွှေဘိုမြို့နယ်က တိုက်ပွဲမှာ PDF ၃ ဦးကျ

ရွှေဘိုမြို့နယ်က တိုက်ပွဲမှာ PDF ၃ ဦးကျ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ဖေဖော်ဝါရီလ ၁ ရက်မနေ့က စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာက PDF ရဲဘော် ၃ ဦး ကျဆုံးခဲ့တယ်လို့ Black Wolf Army အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာအနီးမှာ အင်အား ၇၀ လောက်ပါတဲ့ စစ်ကောင်စီတပ်နဲ့ မနေ့နေ့လယ် ၁ နာရီကနေ ၁ နာရီခွဲအထိ နာရီဝက်အကြာ ဖြစ်ပွားတဲ့တိုက်ပွဲမှာ ကျဆုံးခဲ့တာလို့ သိရပါတယ်။

"သူတို့ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ကျဆုံးသွားတာပါ။ ၂ ဦးကတော့ နေရာမှာပဲ ကျဆုံးခဲ့ပြီး ရဲဘော်ခန့်သီဟကတော့ ဆေးခန်းရောက်မှ ကျဆုံးသွားတာပါ" လို့ Black Wolf Army ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ကျဆုံးသူတွေဟာ Black Wolf Army မှ အသက် ၃၀ အရွယ် တပ်စုမှူး ရဲဘော်ပိုင်လေး၊ အသက် ၁၈ နှစ်အရွယ် ရဲဘော်ခန့်သီဟ (Fundrising and Photographer)နဲ့ အသက် ၂၇ အရွယ် ရဲဘော်ဝင်းစိုးတို့ဖြစ်ပြီး ဒီနေ့မနက် ၈ နာရီမှာတော့ သူတို့အားလုံးကို သဂြိုလ်ပြီးစီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၃ ရက်ကလည်း Black Wolf Army ကို တည်ထောင်သူ ရဲဘော်လိူင်ဝင်း ကျဆုံးခဲ့သလို အောက်တိုဘာလအတွင်းမှာလည်း တိုက်ပွဲဝင်ရင်း ရဲဘော် ၄ ဦး ကျဆုံးခဲ့ရပါသေးတယ်။

ပုံစာ - ကျဆုံးရဲဘော် ခန့်သီဟ။  

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10