ရွှေဘိုမှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ်နေလို့ ဒေသခံ ၂ ထောင်ကျော်စစ်ရှောင်နေရ ( ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲကို ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဧပြီလ ၂၅ ရက် မနေ့ကမနက် ၉ နာရီလောက်မှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

အင်အား ၁၅၀ နီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရွှေဘိုမြို့ပေါ်ကနေတဆင့် တပင်ကောင်းရွာထဲကို ဝင်လာချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တပင်ကောင်းရွာအနီးမှာ ထိတွေ့ပစ်ခတ်မှု တနာရီကြာ ဖြစ်ခဲ့တာပါ။


ပစ်ခတ်နေချိန်အတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ခါးထိမှန်သွားတယ်လို့ တိုက်တိုင်းအောင် TTA- People Defense Force တပ်ဖွဲ့ရဲ့တာဝန်ခံ ကိုလင်းမဟာက အခုလို ပြောပါတယ်။

"သူတို့ဘက်ကလည်း ထိခိုက်ကျဆုံးတာတွေရှိတယ်။ ကျနော်တို့ဘက်က Drone တပ်ဖွဲ့တွေ ကင်းထောက်ပြီး ကြည့်ပေးတာ ထမ်းပြီးသယ်သွားတာတွေပါ မြင်တွေ့ရတယ်။ ထိခိုက်ကျဆုံးမှုအရေအတွက်ကိုတော့ မသိရဘူး။ ကျနော်တို့ဘက်ကတယောက်ကတော့ ခါးကိုထိသွားတယ် မစိုးရိမ်ရပါဘူး။ အခုလည်း သူ့ကိုဆေးကုသမှု ပေးပြီးပါပြီ” လို့ ဆိုပါတယ်။

အဆိုပါ ထိတွေ့ပစ်ခတ်မှုကို တိုက်တိုင်းအောင် (TTA)တပ်ဖွဲ့၊ ရောင်နီပြောက်ကျားတပ်ခွဲ-Tiger Force မဟာမိတ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

ပစ်ခတ်မှုဖြစ်ပြီးနောက် အဆိုပါစစ်ကြောင်းဟာ တပင်ကောင်းကျေးရွာထဲကို ဝင်ရောက်သွားပြီး အဲဒီရွာက နေအိမ်တွေကို မီးရှို့ခဲ့ပြီး၊ လက်ရှိအချိန်ထိလည်း တပင်ကောင်းကျေးရွာပတ်ပတ်လည်မှာ ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို စစ်တပ်ကမီးရှို့ဖျက်စီးနေတဲ့အတွက် တပင်ကောင်းရွာအပါအဝင် ညောင်ပင်သာရွာ၊ ကံသာကုန်ရွာ၊ ကျားရွာနဲ့ ကံသားကုန်ရွာ စတဲ့ကျေးရွာတွေက ဒေသခံပြည်သူ ၂ ထောင်ကျော် ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10