ရွှေဘိုမှာ စပါးခိုးရိတ်နေတဲ့ပျူစောထီးတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရ

ရွှေဘိုမှာ စပါးခိုးရိတ်နေတဲ့ပျူစောထီးတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရ

စစ်ကိုင်း၊ ရွှေဘိုမြိုနယ်က စပါးခင်းတွေကို ခိုးရိတ်နေတဲ့ပျူစောထီးတွေကို ဒီဇင်ဘာလ ၂၆ ရက်နေ့လယ်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ Shwebo Federal Army(SBFA) ကသတင်းထုတ်ပြန်ထားပါတယ်။

စပါးခင်းတွေကိုခိုးရိတ်နေချိန် နေ့လယ် ၁၁ နာရီခွဲလောက်မှာ ဒရုန်းနဲ့တိုက်ခိုက်ခဲ့လို့ အများအပြားဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

"ရွာသာရွာကျေးရွာကပျူရွာတွေဗျ၊ သူတို့ကကောက်ရိတ်စက်နဲ့ အနီးနားက စပါးခင်းတွေကို ပျူအင်အားအများအပြားနဲ့ခိုးရိတ်နေတာကို ဒရုန်း ၂ လုံးနဲ့တိုက်ခိုက်ခဲ့တာပါ" လို့ SBFA ရဲ့ တာဝန်ခံကပြောပါတယ်။

ပြည်သူပိုင်စပါးခင်းတွေကို ခိုးယူနေတာကြောင့် အကာအကွယ်ပေးတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ShweBo Federal Army - SBFA အဖွဲ့၊ တိုက်နယ် ၂ ညီနောင်များ၊ မဟာမိတ်ဖြစ်တဲ့ဝက်လက်မြို့နယ် GHOST RIDER အဖွဲ့ ၊တိုက်နယ် ၅ နယ်မြေခံရဲဘော် အင်အားစုတွေက ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်ကလည်း SBFAနဲ့ ပူးပေါင်းအဖွဲ့တွေဟာ သီးလုံးရွာနဲ့ တည်သီးတောကျေးရွာက ပျူစောထီးတွေကို စစ်ကြောင်းနှစ်ကြောင်းခွဲကာတိုက်ခိုက်ခဲ့လို့ အနည်းဆုံးပျူစောထီးတဦး သေဆုံးခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10