ရွှေဘိုမှာ မိုင်းထိလို့ ပျူစောထီး တဦးသေပြီး စစ်သားတဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ဆိုင်ကယ်စီးလာတဲ့ စစ်သားနဲ့ ပျူစောထီးတဦး မတ်လ ၅ ရက်က မိုင်းထိခဲ့တာကြောင့် ပျူစောထီးတဦးသေကာ စစ်သားတဦး ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ ဗိုလ်ကျားရိုင်း-ရွှေဘို LPDF က သတင်းထုတ်ပြန်ထားပါတယ်။
ရွှေဘိုမြို့နယ် ညောင်ကိုင်းရွာကနေ စစ်တပ်စခန်းချထားတဲ့ ဇီးဖြူကုန်းရွာကို အပြန် မနေ့နေ့လယ် ၁၂ နာရီလောက်မှာ ဂျိုးမြေဇင်းရွာနဲ့ မြို့လှရွာကြားမှာ မိုင်းမိခဲ့တာလို့ သိရပါတယ်။
"ဆိုင်ကယ်က စုတ်ပြတ်သွားပြီးတော့ ပျူကတော့ ပွဲချင်းပြီး သေသွားတယ်။ စစ်သားကတော့ ခြေတဖက် ပြတ်သွားတယ်။ သေနတ်ဖောက်သံလည်း မကြားရဘူး။ တနာရီလောက်ကြာတော့မှ အလောင်းနဲ့ ဒဏ်ရာရစစ်သားကို လာကောက်သွားတယ်" လို့ ဗိုလ်ကျားရိုင်း - ရွှေဘိုရဲ့တာဝန်ခံ ရဲဘော်ဗလကြီးက ပြောပါတယ်။
ခြေတဖက် ပြတ်သွားသူဟာ တပ်ကြပ်ငစိုးဆိုသူ ဖြစ်ပြီး သေဆုံးတဲ့ ပျူစောထီးဟာ တည်သီးတောရွာသား ဝေဠုဆိုသူ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF) အဖွဲ့ ၊ ဗိုလ်ဂျပန်ကြီး (T.T.T) - SHWEBO (LPDF) အဖွဲ့၊ မတစ်ထောင်(တစ်ကောင်ဘွား ) - ဒီပဲယင်းအဖွဲ့နဲ့ ရွှေဘိုမြို့နယ် တိုက်နယ် -၂ မဟာမိတ်အင်အားစုတွေက ပူးပေါင်းခဲ့တာလို့ သိရပါတယ်။
ဗိုလ်ကျားရိုင်း ရွှေဘိုနဲ့ပူးပေါင်းအဖွဲ့ဟာ ဖေဖေါ်ဝါရီလ ၂၁ ရက်ကလည်း ရွှေဘိုမြို့နယ်ကို စစ်သားနဲ့ပျူစောထီး အင်အား ၇၀ ကျော်လောက်က ပေါက်ချိုင်ကျေးရွာကို စစ်ကြောင်းထိုးမီးရှို့နေချိန် တိုက်မိုင်း၊ ဆွဲမိုင်း၊ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်သားနဲ့ပျူစောထီးတွေ သေဆုံးဒဏ်ရာ ရခဲ့ပါသေးတယ်။
စာတည်း - 007
#မြေလတ်အသံ
Share
Share
Share