ရွှေဘို-မြစ်ကြီးနား လမ်းဆုံစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရလို့ ၂ ဦးဒဏ်ရာရ

ရွှေဘို-မြစ်ကြီးနား လမ်းဆုံစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရလို့ ၂ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို - မြစ်ကြီးနားလမ်းဆုံအနီးက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာလ ၃၁ ရက် ဒီနေ့မနက်ပိုင်းက တိုက်ခိုက်ခဲ့လို့ စစ်သား၂ ဦးပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ Black Wolf Armyအဖွဲ့ဆီက သိရပါတယ်။

အင်အား ၁၅ ဦးလောက်နဲ့ စစ်ဆေးနေတဲ့ စစ်ကောင်စီဂိတ်ကို ဒီနေ့မနက် ၉ နာရီခွဲလောက်မှာ ၄၀ မမ ၃လုံးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"အခုတိုက်ခိုက်ခဲ့တဲ့ စစ်ဆေးရေးဂိတ်က လုပ်နေတာကြာပြီ။ သူတို့က ခရီးသွားကားတွေ သာမန်သွားလာနေတဲ့ ဒေသတွင်းက ပြည်သူတွေရော အကုန်စစ်တာဗျ။ ငွေတောင်းတာတွေလည်း ရှိတယ်။ ဒဏ်ရာရသူ ၂ ဦးကိုအိမ်စီးကားနဲ့ ပြန်တင်သွားတယ်ဗျ။ ဒဏ်ရာကသေနိုင်တယ် စစ်ကောင်စီအတွက် ခရစ္စမတ်နဲ့ နှစ်သစ်ကူးလက်ဆောင်ပေးလိုက်တာပါ" လို့ Black Wolf Army ​တာဝန်ရှိသူက ပြောပါတယ်။

ပစ်ခတ်အပြီးအမြန်ဆုတ်ခွာခဲ့တာကြောင့် ဒဏ်ရာရတာကိုသာမြင်ရပြီး အိမ်စီးကားနဲ့ ဘယ်ကိုသယ်သွားတယ်ဆိုကိုတော့ သေချာမသိရဘူးလို့ သူက ဆက်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို BLACK WOLF - ARMY နဲ့ Who am I အဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပြီး တိုက်ခိုက်ရေးရဲဘော်တွေ အန္တရာယ်ကင်းခဲ့တယ်လို့ ဆိုပါတယ်။

BLACK WOLF-အဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်ကလည်း မဟာမိတ်တွေနဲ့ပူးပေါင်းကာ ရွှေဘိုမြို့နယ် လှတောရွာက ထွက်လာတဲ့ စစ်ကောင်စီနဲ့ပျူစောထီးအဖွဲ့ကို ပြင်းအားမြင့်မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10