ရွှေဘို အမှတ် ၈ လေ့ကျင့်ရေးတပ်ကနေထွက်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရ၊ ၄ ဦးသေ (ရုပ်သံ)

ဒီဇင်ဘာ ၁၂ ရက်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ အမှတ် ၈ လေ့ကျင့်ရေးတပ်ကနေ ထွက်လာတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေကို ကန်သာကုန်းရွာနားမှာ ဒေသကာကွယ်ရေးတပ်တွေက မိုင်းဆွဲပြီး ဒရုန်းနဲ့ တိုက်ခိုက်ရာ ၄ ဦးသေဆုံးသွားတယ်လို့ ဆိုပါတယ်။

နေ့လယ် ၁ နာရီခွဲမှာ ကန်သာကုန်းရွာနဲ့ မြင်းစီးရွာအကြားမှာ အင်အား ၄၀ ဝန်းကျင်နဲ့ စစ်ကြောင်းချီနေတဲ့ အဲဒီစစ်အုပ်စုကို ဒေသကာကွယ်ရေးတပ်တွေက အရင်ဆုံးမိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုက တချို့တွေထိမှန်ဒဏ်ရာရသွားခဲ့ပါတယ်။

အဲဒီဒဏ်ရာရသွားသူတွေကို စစ်အုပ်စုက အပင်အောက်ကို ဆွဲသွားချိန်မှာ ဒရုန်းနဲ့ ဗုံးသီးချ ပြီး နောက်တကြိမ် တိုက်ခိုက်ခဲ့တာလို့ Farmer Heroes တပ်ဖွဲ့ဝင် ရဲဘော် ရန်ငြိမ်းက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ရာမှာ ပါဝင်တဲ့ FIRE DRAGON PDF ဗိုလ်ပျောက်ကြီးက ခုလိုတိုက်ခိုက်မှုကြောင့် ရဲ ၃ ယောက်အပါအဝင် ၄ ဦးသေဆုံးခဲ့တယ်လို့  ဆိုပါတယ်။

“မိုင်းကတော့ ၃ မိုင်းနဲ့ဆွဲခဲ့တာ၊ ထိခိုက်သေဆုံးမှုက သေတဲ့ ရဲ ၃ ကောင်က ရွှေဘိုမြို့ထဲပြန်ခေါ်သွားတယ်၊ ရွှေဘိုစိုက်ပျိုးရေးခြံထဲက ဗိုလ်လို့ခေါ်တဲ့ ဗိုလ်ကိုတော့ လိပ်ချင်းရွာ သုသာန်ဇရပ်မှာ သင်္ဂြိုလ်တာ၊ ၄ ယောက်သေဆုံးတာ၊ မနေ့ကတည်းကတဲ့ သင်္ဂြိုလ်တာ” လို့ သူကပြောပါတယ်။

 

ဒီတိုက်ခိုက်မှုကို FIRE DRAGON PDF ONEDAY  REVOLUTION FORCE (Shwe Bo) ရွှေဘိုတပ်ရင်း (4)၊ကျားမုန်တိုင်း၊ Black Dragon (Shwe Bo)၊ ရွှေဘိုမြို့ နယ် ပကဖ အဖွဲ့နဲ့ Farmer Heroes တပ် တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်ကလည်း ရွှေဘိုမြို့နယ်၊ မြင်းစီးရွာကထွက်လာတဲ့စစ်သားနဲ့ ပျူစောထီးတွေကို FIRE DRAGON PDF အဖွဲ့က ကန်သာကုန်းရွာနဲ့ မြင်းစီးရွာအကြားမှာပဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

တည်းဖြတ် - ဟယ်ရီ

#မြေလတ်အသံ

 #ရွှေဘို #စစ်အုပ်စု #မိုင်းဆွဲ #ဒရုန်း #PDF

 

 

 

 

 

 

 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10