ရှင်းလင်းခံခဲ့ရတဲ့ အုပ်ချုပ်ရေးမှူးနေရာမှာ ဝင်လုပ်တဲ့အုပ်ချုပ်ရေးမှူး ထပ်ပြီးရှင်းလင်းခံရ

ရှင်းလင်းခံခဲ့ရတဲ့ အုပ်ချုပ်ရေးမှူးနေရာမှာ ဝင်လုပ်တဲ့အုပ်ချုပ်ရေးမှူး ထပ်ပြီးရှင်းလင်းခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဇီးပင်လှရွာ အုပ်ချုပ်ရေးမှူးကို ဧပြီလ ၂၀ ရက် မနေ့ညနေက သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PPDFရဲ့တာဝန်ရှိသူက ပြောပါတယ်။

အသက် ၅၈ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ကိုဌေးအောင်ဟာ ညနေ ၄ နာရီခွဲလောက်မှာ ပေါင်းတည်မြို့ဘက်ကနေ မှတ်တိုင်ရွာဘက်ကို ဆိုင်ကယ်နဲ့တဦးတည်းအပြန် ဘုရားငါးဆူရွာနဲ့မြို့ကြီးရွာအကြား မြေနီလမ်းမှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။


"ကျနော်တို့ရဲဘော်တွေ ပစ်ခတ်တာကို သိသွားပုံရတယ်။ ဆိုင်ကယ်ကို လှဲပြီးမြောင်းထဲဆင်းပြေးတာကို ၅ ချက် ပစ်ခတ်ခဲ့တာပါ။ ရေအိုင်ထဲမှာ ပွဲချင်းပြီးပဲ" လို့ PPDFရဲ့တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီရဲ့ဝါဒဖြန့်တယ်လီဂရမ်မှာတော့ ကိုဌေးအောင်ရဲ့ခန္ဓာကိုယ်မှာ ပစ္စတိုသေနတ်ဒဏ်ရာ ၄ ချက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှု့ကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြည်ခရိုင်တပ်ရင်း ၃၆၀၁ မြို့ပြပြောက်ကျားတပ်ခွဲ ၃ နဲ့ တပ်ခွဲ ၄ တို့က လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

အခုသေဆုံးတဲ့ အုပ်ချုပ်ရေးမှူးဟာ ပြီးခဲ့နှစ် အောက်တိုဘာလ ၁၈ ရက်ညက ပစ်သတ်ခံရတဲ့ ဇီးပင်လှကျေးရွာ အုပ်ချုပ်ရေးမှူး ကိုအောင်ထွန်းနိုင်ရဲ့နေရာမှာ အစားထိုးလုပ်ကိုင်တဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဧပြီလ ၁၅ ရက် မနက် ၁၀ နာရီလောက်ကလည်း ပေါင်းတည်မြို့နယ်၊ အဂ္ဂရာပြည့်အုပ်စု၊ အုပ်ချုပ်ရေးမှူး ကိုထွန်းထွန်းဦးကို သခွတ်စောက်ရွာက သူရဲ့နေအိမ်အတွင်းမှာ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပြည်ခရိုင်တပ်ရင်း ၃၆၀၁ တပ်ခွဲ ၄၊ တပ်ခွဲ ၅ နဲ့ ၃၆၀၂ တပ်ခွဲ ၄ ပူးပေါင်းအဖွဲ့ဟာလည်း ဧပြီလ ၂၀ ရက် မနေ့ကပဲ ပဲခူးရိုးမပေါ်ကို စစ်သားအင်အား ၂၇ ဦးလောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပေါင်းတည်မြို့နယ်၊ ကိုင်းကွင်းရွာအနီးကနေ မိုင်း ၂ လုံးဆွဲကာ တိုက်ခိုက်ခဲ့လို့ စစ်သား ၃ ဦးလောက် ဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10