ရှစ်တန်း အင်္ဂလိပ်စာ မေးခွန်းပေါက်လို့ စာမေးပွဲရက်နောက်ဆုတ်ရ

ရှစ်တန်း အင်္ဂလိပ်စာ မေးခွန်းပေါက်လို့ စာမေးပွဲရက်နောက်ဆုတ်ရ

မကွေးတိုင်းမှာ စစ်ကောင်စီကကျင်းပတဲ့ အခြေခံပညာအထက်တန်းစာမေးပွဲ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် Grade 9 (ရှစ်တန်း) အင်္ဂလိပ်ဘာသာရပ် မေးခွန်းပေါက်လို့ ဖြေဆိုရမယ့်ရက်ကို နောက်ဆုတ်ထားရတယ်လို့ မြို့ခံတဦးကပြောပါတယ်။

ဖေဖေါ်ဝါရီ ၂၃ ရက် ဒီနေ့မှာ ဖြေဆိုမယ့် Grade 9 (၈ တန်း) အင်္ဂလိပ်ဘာသာရပ် စာမေးပွဲ မေးခွန်းပေါက်တာကြောင့် ရပ်နားခဲ့တာလို့ ဆိုပါတယ်။

Grade 9 စာမေးပွဲ ဘာသာရပ်အားလုံးဖြေဆိုရမယ့် ရက်ဟာ ဖေဖေါ်ဝါရီ ၂၂ ရက်ကနေ ၂၈ ရက်ထိဖြစ်ပြီး မေးခွန်းပေါက်တဲ့ အင်္ဂလိပ်စာဘာသာရပ်ကိုတော့ ဖေဖေါ်ဝါရီ ၂၉ ရက်မှ ပြန်လည်ဖြေဆိုရမှာဖြစ်ပေမယ့် ကျန်တဲ့ဘာသာရပ်တွေကို မူလသတ်မှတ်ရက်အတိုင်း ကျင်းပသွားမှာလို့ ဆိုပါတယ်။

“မေးခွန်းက တရက်ကြိုပြီး အွန်လိုင်းပေါ်မှာ ပေါက်နေတာဆိုတော့ စဉ်းစားစရာပေါ့။ ဖြေရမယ့် ကျောင်းသား ကျောင်းသူတွေအတွက် စိတ်အနှောက်အယှက်ဖြစ်ရတယ်“ လို့  မကွေးမြို့ခံ‌တဦးက ပြောပါတယ်။

အောင်လံမြို့ခံတဦးကလည်း ”မေးခွန်းပေါက်တယ်သာပြောတာ ရွာကကလေးတွေက မသိဘူး။ ကျောင်းရောက်မှ ဆရာမတွေက ဒီနေ့ မဖြေရဘူးဆိုပြီး ပြောလို့ ပြန်လာကြတာ” လို့  ပြောပါတယ်။

နိုင်ငံအတွင်းကျင်းပလို့ရတဲ့ ပြည်နယ်နဲ့တိုင်းက မြို့နယ်တွေမှာ အခြေခံပညာအလယ်တန်းဆင့် Grade 5 (လေးတန်း) နဲ့  Grade 9 စာမေးပွဲတွေကို  ဖေဖေါ်ဝါရီ  ၂၂ ရက်ကစကာ ကျင်းပနေတာဖြစ်ပြီး  Grade 5 က ဖေဖေါ်ဝါရီ ၂၇ ရက်မှာ ပြီးစီးမှာလို့ ဆိုပါတယ်။

Grade 9 အတွက် ဖြေဆိုရမယ့် မေးခွန်းတွေကို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းပညာ‌ရေးဌာနက ထုတ်ကြတာလို့လည်း ဆိုပါတယ်။

မေးခွန်းပေါက်တာနဲ့ပတ်သက်ပြီး မြေလတ်အသံက အသေးစိတ်အချက်အလက်တွေ သိရဖို့  မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ 

ပုံစာ - ပေါက်ကြားခဲ့သည့် Grade 9 English မေးခွန်း။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #အခြေခံပညာအထက်တန်း #စာမေးပွဲ #Grade9  #အင်္ဂလိပ်ဘာသာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10