ရှစ်လေးလုံး လူထုသပိတ်အကြို စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲ

ရှစ်လေးလုံး လူထုသပိတ်အကြို စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့မှာ ၃၅ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ အကြိုအထိမ်းအမှတ်အနေနဲ့ သြဂုတ်လ ၆ ရက်ဒီနေ့ မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေးစာတန်းကို ချိတ်ဆွဲခဲ့တယ်လို့ ပေါင်းတည် ၇/ လူထုသပိတ်ကော်မတီမှ ဦးဆောင်သူတဦးဆီက သိရပါတယ်။

"စစ် ၃ စစ်အမြစ်ဖြတ်ကြ""ဖြိုချရုံမှတပါး တခြားမရှိ" စတဲ့ စာတန်းပါ ဘန်နာတွေကို မြို့ရဲ့တနေရာမှာ ချိတ်ဆွဲခဲ့တာလို့ ပြောပါတယ်။

ပြည်သူလူထုရဲ့ နေ့စဉ်လူမှုဘဝတွေ နိမ့်ကျလာနေတဲ့အတွက် ပြည်သူလူထုကလည်း အန္တရာယ်ကင်းမယ့်နည်းတွေသုံးကာ ပါဝင်စေချင်တယ်လို့ ဆိုပါတယ်။

"ငွေကြေးဖောင်းပွမှု၊ လျှပ်စစ်မီးဖြတ်တောက်ခံရခြင်း၊ ကုန်စျေးနှုန်းအဆမတန်ကြီးမြင့်ခြင်း၊ ငတ်မွတ်ခြင်းတွေကနေ လွတ်မြောက်ဖို့အတွက် ပြည်သူလူထုတရပ်လုံးက တော်လှန်ရေးကို ဘေးကရပ်ကြည့် လက်ခုပ်တီးအားပေးမနေတော့ဘဲ ပုံစံမျိုးစုံနဲ့ တော်လှန်ကြဖို့ တိုက်တွန်းပါတယ်" လို့ သပိတ်ဦးဆောင်သူက ပြောပါတယ်။

လာမယ့်သြဂုတ်လ ၈ ရက်ဟာ ၁၉၈၈ ခုနှစ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ တပါတီအာဏာရှင်စနစ်ကို ပြည်သူလူထုကဆန့်ကျင်ခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံ ၃၅ နှစ်ပြည့်မြောက်တဲ့နေ့လည်း ဖြစ်ပါတယ်။

သတင်း - ခန့်အောင်

#မြေလတ်အသံ

#သတင်း #ပဲခူး #ပေါင်းတည် #အာဏရှင်ဆန့်ကျင်ရေး #ရှစ်လေးလုံး #သပိတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10