ရှမ်း-မန်းစစ်ဆင်ရေးမှာပါဝင်နေတဲ့ PDF ရဲဘော်တွေရဲ့မိသားစုကို ငွေနဲ့စားသောက်ကုန်တွေ ထောက်ပံ့ (ရုပ်/သံ)

ရှမ်း-မန်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေကို စက်တင်ဘာ ၁၉ ရက် မနေ့က ငွေနဲ့စားသောက်ကုန်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေစိုက်၊ ရွှေဘိုခရိုင်တပ်ရင်း ၁၅ မှ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကစတင်ပြီး ရှမ်း-မန်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်နေတဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၅ တပ်ဖွဲ့ဝင်ရဲဘော် ၁၀ ဦးရဲ့ မိသားစုတွေရှိရာကျေးရွာအထိသွားပြီး တဦးကို ငွေကျပ် ၇၀,၀၀၀ နဲ့ စားသောက်ကုန်အချို့ကို ထောက်ပံ့ပေးခဲ့တာလို့ ပြောပါတယ်။

“နောက်ကျန် မိသားစုတွေမှာ ဝင်ငွေမရှိဘူး။ ဒီလိုမျိုးကူညီမှ ရှေ့တန်းကရဲဘော်ကလည်း စိတ်ဖြောင့်ဖြောင့်နဲ့တိုက်နိုင်မှာ။ နောက်ကျန်မိသားစုကို ပစ်ပယ်မရဘူးဆိုတာကိုသိလို့ နိုင်တဲ့ဘက်က တပ်ရင်းငွေနဲ့ ‌ထောက်ပံ့တာပါ။အရင်ကလည်း ‌ထောက်ပံ့မှုတွေရှိခဲ့တယ်။” လို့  ဗိုလ်ကောက်ရိုးက ပြောပါတယ်။

ဒါ့အပြင် ရဲဘော်အချို့ရဲ့ဇနီးမှာ ကိုယ်ဝန်ရှိရင်လည်း ဆေးရုံဆေးခန်းကိုပို့ဆောင်တာ၊ မွေးဖွားစရိတ်ထုတ်‌ပေးတာအပြင် ရဲ‌ဘော်တွေအတွက်လည်း ဖုန်းဘေလ်နဲ့အခြားအသုံးစရိတ်တွေကိုလည်း ပို့ဆောင်ပေးတယ်လို့ သူကဆက်ပြောပါတယ်။

ရွှေဘိုခရိုင်တပ်ရင်း ၁၅ ဟာ ရှမ်း-မန်းစစ်ဆင်ရေးအပြင် ဒေသတွင်းမှာလည်း အခြားမဟာမိတ်တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကိုတိုက်ခိုက်နေတဲ့ တပ်ရင်းတခုဖြစ်ပါတယ်။ 

စာတည်း - လင်း ၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #youtubeshort #reels #news 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10