ရှမ်း-မန်း စစ်ဆင်းရေးမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၉ ဦးရဲ့မိဘတွေကို ဒေါင်းနီ PDF က ထောက်ပံငွေပေးအပ်ကန်တော့

ရှမ်း-မန်း စစ်ဆင်းရေးမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၉ ဦးရဲ့မိဘတွေကို ဒေါင်းနီ PDF က ထောက်ပံငွေပေးအပ်ကန်တော့

ရှမ်း-မန်း စစ်ဆင်းရေးတွင် ကျဆုံးသွားခဲ့တဲ့ ရဲဘော် ၉ ဦးရဲ့မိဘတွေကို ဝက်လက်မြို့နယ်အခြေစိုက် ဒေါင်းနီ PDF က အောက်တိုဘာ ၂၃ ရက်က ထောက်ပံငွေပေးအပ်ကန်တော့ခဲ့ကြပါတယ်။

ရှမ်း-မန်း စစ်ဆင်ရေးအတွင်းမှာ ဝက်လက်မြို့နယ်အခြေစိုက် ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ် - DOUNG NI (DNPDF) က ဒုစစ်ရေးတာဝန်ခံ ၁ ဦး၊ တပ်ခွဲမှူး ၂ ဦး၊ တပ်စိတ်မှူး ၁ ဦး၊ ရဲဘော် ၅ ဦးတို့ ကျဆုံးသွားခဲ့ရတာလို့ သိရပါတယ်။

"ငွေသားပဲ ကန်တော့တာပါ၊ မိဘတွေ လိုတာလေးတွေသုံးဖို့ ရဲဘော်တွေ ထီရောင်းရတဲ့ငွေလေးတွေနဲ့ပါ။ တခြားပစ္စည်းဆိုရင် မလိုအပ်မှာစိုးလို့ပါ။" လို့  DNPDF အဖွဲ့က တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။

အခုတကြိမ် ကျဆုံးရဲဘော်တွေရဲ့ မိသား ၁ စုကို ၁ သိန်းကျပ် ထောက်ပံကန်တော့ခဲ့ကာ ကျဆုံးသွားချိန်တုန်းကတော့ မိသားစု ၁ စုဆီကို မန်း PDF က ၁၀ သိန်းကျပ်နဲ့ DOUNG NI People Defence Force - DNPDF အဖွဲ့က ၁၀ သိန်းကျပ်၊ စုစုပေါင်း ၁ မိသားစုကို သိန်း ၂၀ ဆီထောက်ပံ့ပေးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ရှမ်း - မန်း စစ်ဆင်းရေးအတွင်းမှာ DNPDF အဖွဲ့က မန်း PDF နဲ့အတူ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ နဲ့ ၂၊ မြင်းခြံခရိုင်းတပ်ရင်း ၄၊ ညောင်ဦးခရိုင်တပ်ရင်း ၃၊ ရွှေဘိုခရိုင်တပ်ရင်းများ၊ စဉ့်ကိုင်တော်လှန်ရေးတပ်ဖွဲ့၊ တလုပ် PDF တပ်ဖွဲ့၊ National Liberation Army (NLA) တမူး၊ SSTF ရဲတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်တိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပါတယ်။

ကျဆုံးရဲဘော်တွေရဲ့မိဘတွေကိုတော့ DNPDF အဖွဲ့က ရဲဘော်တွေက ကိုယ်တိုင်ကိုယ်ကျ သွားရောက် ထောက်ပံ့ကန်တော့ခဲ့ကြတာ ဖြစ်ပါတယ်။

DOUNG NI People Defence Force - DNPDFအဖွဲ့ဟာ ရှမ်းမန်းစစ်‌ဆင်ရေးအတွင်း တအာင်းတပ်မတော် TNLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တို့နဲ့အတူ ပူးပေါင်းပါဝင် တိုက်ခိုက်လျက်ရှိပါတယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#ရှမ်းမန်းစစ်ဆင်ရေး #ကျဆုံးရဲဘော် #မိဘ #ကန်တော့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10