ရှမ်းမြောက်မှာ အလင်းဝင်သူတွေထဲ ပဲခူးတိုင်းက ပြည်သူ့စစ် ၅ ဦးထက်မနည်း ပါဝင် (ရုပ်/သံ)

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေချိန် ဩဂုတ် ၇ ရက် ဒီကနေ့မှာ စစ်ကောင်စီတပ်က အလင်းဝင်လာသူတွေထဲမှာ ပဲခူးတိုင်းထဲက ပြည်သူ့စစ် ၅ ဦးထက်မနည်းပါဝင်တယ်လို့  PDF တပ်ပေါင်းစုဝင် ရဲဘော်တဦးဆီက သိရပါတယ်။

MNDAA နဲ့ PDF တပ်ပေါင်းစုတွေဆီကို အလင်းဝင်လာသူတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ် စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ ခလရ ၆၇ မှာ ပြည်သူ့စစ်အဖြစ် အဓမ္မစစ်မှုထမ်းနေရတဲ့ စစ်သားဟောင်းတပ်ကြပ် ၁ ဦးအပါ ၇ ဦးဖြစ်ပြီး လာရှိုးမြို့မှာ အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။

အလင်းဝင် ၇ ဦးထဲမှာ ပဲခူးတိုင်းအနောက်ခြမ်းက အနည်းဆုံး ၅ ဦးရှိပြီး ပဲခူးတိုင်း ပြည်၊ မိုးညိုနဲ့ နတ်တလင်းမြို့နယ်၊ တာပွန်မြို့သားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ 

သူတို့  ၇ ဦးဟာ အလံဖြူ‌ထောင်ကာ အလင်းဝင်းခဲ့တာဖြစ်ပြီး  အများစုဟာ အမှတ်စဉ် ၁ ပြည်သူ့စစ်သင်တန်း တက်ရောက်ရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

MNDAA နဲ့  PDF တပ်ပေါင်းစုတွေဟာ လာရှိုးမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေထဲက ၃၈၅ ဦးကို ဩဂုတ် ၆ ရက်က ပြန်လွှတ်ခဲ့သလို ၄၄၅ ဦးကိုလည်း ဩဂုတ် ၇ ရက် ဒီနေ့မှာ ထပ်မံလွှတ်ပေးခဲ့ပြီး အဲဒီလို ပြန်လွှတ်ပေးရာမှာ SSPP ကလည်း ပါဝင်ကူညီခဲ့တယ်လို့ ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားတွေကိုတော့ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့လည်း သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရှမ်းမြောက် #ပဲခူးတိုင်း #ပြည်သူ့စစ် #အလင်းဝင် #မြေလတ်ရုပ်သံ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10