ရှေ့တန်းပြန် PDF တွေကို ဒေသခံတွေက အောင်သပြေပန်းတွေ စားစရာတွေနဲ့ ကြိုဆို (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ သာကြီးတောင်ရဲကင်းစခန်းသိမ်း တိုက်ပွဲကနေပြန်လာတဲ့ Freedom Revolution Force တပ်ဖွဲ့ဝင်တွေကို စစ်ကိုင်းတိုင်းထဲက ရွာတရွာကပြည်သူတွေက စက်တင်ဘာ ၆ ရက်နေ့ ညနေပိုင်းကကြိုဆိုခဲ့ကြပါတယ်။

သာကြီးတောင်ရဲကင်းစခန်းကို သြဂုတ်၂၀ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ပြန်လာကြတဲ့ FRF ရဲဘော် တွေကို အပြန်လမ်းမှာရှိတဲ့ပြည်သူလူထုကခုလို ကြိုဆိုခဲ့တာလို့ FRF တာဝန်ခံက ပြောပါတယ်။

ရဲဘော်တွေကိုကြိုဆိုရာမှာ ဒေသခံပြည်သူတွေက သပြေပန်းတွေ၊ စားစရာတွေနဲ့ ကြိုဆိုဧည့်ခံနေတာကို FRF ရဲ့ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။

Freedom Revolution Force ဟာ စစ်ကိုင်းတိုင်းရွှေဘိုခရိုင်တဝိုက်နဲ့ မကွေးတိုင်းထဲက မြို့နယ်တချို့မှာ စစ်ရေးလှုပ်ရှားနေတဲ့ အဖွဲ့တခုလည်းဖြစ်ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ရှေ့တန်းပြန် #ကြိုဆို #short #reels 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10