ရှေ့တန်းမှာ ဟင်းစားရှာချက်ပြုတ်စားကြတဲ့ YDF က ရဲဘော်တွေ (ရုပ်/သံ)

မကွေးတိုင်း၊ ယောဒေသ၊ ဂန်ဂေါနယ်အတွင်းရှိ ယောကာကွယ်ရေးတပ်ဖွဲ့ YDF က ရဲဘော်တွေက ဟင်းစားရဖို့အတွက် အလှည့်ကျ ဖား၊ ငါး၊ ခရု၊ ရှဉ့် တွေကို ရှာဖွေစားသောက်ရတယ်လို့ သိရပါတယ်။

အဲ့ဒီ အသား၊ ငါးတွေ မရတဲ့အခါမှာတော့ မျှစ်၊ မှို၊ ငှက်ပျောဖူးတွေ ရှာဖွေချက်ပြုတ်ရင်း တနေ့တာ ဝမ်းဝရုံမျှသာ စားသောက်ရပေမယ့် တော်လှန်ရေးကာလကို ပျော်ရွှင်စွာနဲ့ဖြတ်သန်းနေကြတယ်လို့ YDF သတင်းတာဝန်ခံက ပြောပါတယ်။

အလားတူ ယောဒေသ၊ ဆောနယ်ထဲက Khut Daung Company Saw-PDF ရဲဘော်တွေကလည်း ရှေ့တန်းထွက်တဲ့အခါ ရက်ပေါင်း ၆၀ ခန့်ကြာတတ်ပြီး ဒန်အိုး၊ ဒယ်ပိုင်းနဲ့ ရိက္ခာတချို့ သယ်ယူသွားကာ ရဲဘော်တွေ ဝေမျှစားသောက်ရတယ်လို့ ရဲဘော်တဦးက ဆိုပါတယ်။

ရှေ့တန်းထွက်ရတဲ့ နယ်မြေပေါ်မူတည်ပြီး ရိက္ခာယူရတာ မတူညီသလို နောက်တန်းမှလည်း ရိက္ခာပို့ဆောင် ပေးရတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ယော #ဂန့်ဂေါ #ဆော #YDF #SawPDF #ရိက္ခာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10