ရှေ့တန်းမှာ အရက်ခိုးသောက်တဲ့ ရဲဘော်လေးဦး ထိပ်တုံး ခတ်ခံရ (ရုပ်/သံ)

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အမှတ် (၉၀၁) တပ်ရင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးဟာ ရှေ့တန်းမှာ အရက်ခိုးသောက်တဲ့အတွက် စခန်းကိုပြန်လည်ပို့ဆောင်ခံရပြီး အပြစ်ပေးတဲ့အနေနဲ့ မတ်လ ၃၁ ရက်နေ့ မနေ့က ညနေ ၅ နာရီလောက်မှာ ထိပ်တုံးခတ်ခံရပါတယ်။

အဆိုပါ ရဲဘော် ၄ ဦး အရက်သောက်နေတာကို ရှေ့တန်းက ရဲဘော်တယောက်က လှမ်းတိုင်လိုက်ပြီး ချက်ချင်းဆိုသလို ယင်း ၄ ဦးလုံးကို ပြန်ခေါ်ပြီး အသစ်လေးယောက််နဲ့ ပြန်လည်ချိန်းပေးခဲ့တယ်လို့ People’s Defence Force Myothit Battalion – 901 က ပြန်ကြားရေးတာဝန်ခံက အခုလို ပြောပါတယ်။


“ခုထိ ရဲဘော်တွေ ထိပ်တုံးထဲမှာ ရှိနေတုန်းပါ။ ရှေ့တန်းသွားတဲ့ ရဲဘော်တွေဆိုပေမဲ့ အခွင့်ထူးခံမရပါဘူး။ အပြစ်လုပ်ထားရင် အပြစ်ခံယူကြရပါတယ်။ အခုလို ရှေ့တန်းသွားပြီး အပြစ်ပေးခံရတာ သူတို့ ၄ ယောက်အပြင် အရင်ရဲဘော်တွေလည်း အပြစ်ပေးခံရတာမျိုးတွေ ရှိပါတယ်။ အဲထဲက ညာဘက်အစွန် ၂ ယောက်က ရဲ CDM တွေပါ” လို့ ဆိုပါတယ်။

People’s Defence Force Myothti Battalion – 901 တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် Christmas ပွဲတော်နေ့ကလည်း အိမ်လွမ်းနေတဲ့ ရဲဘော်လေးတွေအတွက် စခန်းမှာ ပျော်ပွဲရွှင်ပွဲအနေနဲ့ ကြာဇံဟင်းခါး၊ ဝက်ကုန်းဘောင်၊ ဝက်ချိုချဉ်၊ ဆွန်တန်ဟင်းချိုနဲ့ အာလူးကတ်သလိတ် တို့နဲ့ ကျင်းပခဲ့ကြပါသေးတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10