ရှေ့တန်းရောက် ခလရ ၂၆၉ က စစ်သား ၃ ဦး လက်နက်တွေနဲ့အတူ အလင်းဝင်

ရှေ့တန်းရောက် ခလရ ၂၆၉ က စစ်သား ၃ ဦး လက်နက်တွေနဲ့အတူ အလင်းဝင်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ရှေ့တန်းစစ်မြေပြင်တနေရာကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းတွေနဲ့ အတူ ဇန်နဝါရီ ၁၆ ရက်မှာအလင်းဝင်လာခဲ့တယ်လို့ Peoples Defense Force - Tamu တပ်ရင်း ၄ ဆီက သိရပါတယ်။

အလင်းဝင်လာသူတွေဟာ တီးတိန်မြို့ အခြေစိုက် ခလရ ၂၆၉ တပ်ရင်းက တပ်သား ဟိန်းမြတ်ကျော် ၂၆ နှစ်၊ တပ်သားကိုသူ ၂၃ နှစ်နဲ့ တပ်သားစိုင်းထက်အောင်တို့ ဖြစ်ပါတယ်။ 

"ရှေ့တန်းစခန်းမှာ သူတို့ချိတ်ဆက်ပြီး အလင်းဝင်လာတာပါ။ ဆုကြေးငွေ မပေးရသေး ပါဘူး။ လုံခြုံတဲ့နေရာမှာပဲ စောင့်ရှောက်ထားပါတယ်” Peoples Defense Force - Tamu တပ်ရင်း ၄ မှ ရဲမေတဦးက ပြောပါတယ်။

ဒါ့အပြင် အဆိုပါတပ်သားတွေနဲ့အတူ MA 1 သေနတ် ၃ လက်၊ ကျည်ဘောက် ၉ ခု၊ အီနာဂါဗုံးသီး ၃ လုံးနဲ့ ကျည်ဆံတွေလည်း ပါဝင်လာပြီး သူတို့ကို ထိုက်တန်စွာဂုဏ်ပြုချီးမြှင့်ပေးဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကို တင်ပြထားတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #တမူး #တီးတိန် #ခလရ၂၆၉ #အလင်းဝင် #လက်နက်ခဲယမ်းပါ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10